ရှေ့သို့
Image

ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရတဲ့အတွက် ခံစားချက်ပြင်းထန်ကြောင်း နည်းပြ ဟာဂျယ်မန်း ဝန်ခံပြောကြား

10:09 AM, 2 December

ဒိန်းမတ်အသင်းနည်းပြ ဟာဂျယ်မန်းက ၂၀၂၂ ကမ္ဘာ့ဖလားမှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရပြီးနောက် ခံစားချက်ပြင်းထန်ကြောင်း ဝန်ခံပြောကြားလိုက်ပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်လောက်တုန်းက ယူရို ၂၀၂၀ မှာ ဆီမီးဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့ပေမယ့် အခုတစ်ကြိမ်မှာတော့ အုပ်စုအဆင့်ကနေပဲ လှည့်ပြန်ခဲ့ရပါတယ်။ ဒါပေမယ့် ဒိန်းမတ်အသင်းဟာ အစကောင်းခဲ့ပြီး တူနီးရှားကို ဝ-၀ သရေကန်နိုင်ခဲ့ကာ အဲ့နောက် ပြင်သစ်ကို ၂-၁ နဲ့ အရေးနိမ့်ခဲ့ပါတယ်။

နောက်တစ်ဆင့်တက်နိုင်ဖို့ သြစတြေးလျကို အနိုင်ကန်ဖို့ လိုအပ်နေပေမယ့် ဒိန်းမတ်အသင်းဟာ ၁-၀ ဂိုးနဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ အဆိုပါရလဒ်ကြောင့် ဟာဂျယ်မန်းရဲ့အသင်းဟာ အုပ်စုအဆင့်ရဲ့ အဆင့် ၄ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး ၂၀၁၀ နောက်ပိုင်း အစောဆုံးထွက်ခွာရမှုဖြစ်လာခဲ့ကာ ကမ္ဘာ့ဖလားသမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်ဖြစ်လာခဲ့ပါတယ်။ ပွဲအပြီးမှာ ဟာဂျယ်မန်းဟာ မိမိတို့အသင်းဟာ နောက်တစ်ဆင့် တက်ရောက်နိုင်ဖို့ ခြေစွမ်းမကောင်းခဲ့သလို လာမယ့် ယူရို ၂၀၂၄ အတွက် ပြင်ဆင်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော်တို့ ဒီပွဲမှာ ပွဲအရှိန်ကို မတင်နိုင်ခဲ့သလို တွဲဖက်ညီအောင်လည်း မကစားနိုင်ခဲ့ပါဘူး။ ဒီနေ့ညမှာ ကျွန်တော်တို့ အစကောင်းခဲ့ပေမယ့် ရလဒ်တော့ မကောင်းခဲ့ပါဘူး။ အုပ်စုအဆင့်ကနေ ထွက်ခွာခဲ့ရလို့ စိတ်ခံစားချက်တော့ ကြီးကြီးမားမားဖြစ်မိပါတယ်။ ကျွန်တော်တို့ အကောင်းဆုံး အရည်အချင်းနဲ့ ကစားခဲ့တာပါ”လို့ ဟာဂျယ်မန်းက ပြောကြားခဲ့ပါတယ်။

ဒိန်းမတ်အသင်းဟာ ၂၀၂၂ ကမ္ဘာ့ဖလားကနေ ထွက်ခွာခဲ့ရသလို သွင်းဂိုး တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပြီး အဆိုပါဂိုးက ပြင်သစ်ကို ၂-၁နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲမှာ ခရစ္စတီယန်ဆန်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ “ကျွန်တော်တို့ အကောင်းဆုံး မကစားနိုင်တာက တချက်ပါ။ ပြီးတော့ ပြင်သစ်နဲ့ပွဲမှာ အကောင်းဆုံး အနေအထားရှိခဲ့ပါတယ်။ ကျန်တဲ့ပွဲတွေမှာတော့ အကောင်းဆုံး အနေအထားမရှိခဲ့ပါဘူး”လို့ ဟာဂျယ်မန်းက ထပ်လောင်းပြောကြားခဲ့ပါတယ်။

#ပြင်သစ် #ဒိန်းမတ် #၂၀၂၂ကမ္ဘာ့ဖလား #တူနီးရှား #ကက်စ်ပါ ဟာဂျယ်မန်း