ရှေ့သို့
Image

လူစားဝင်ကစားသမားတွေရဲ့ သွင်းဂိုးနဲ့ ကော်စရီကာကိုနိုင်ခဲ့ပေမဲ့ အုပ်အဆင့်နဲ့ သာကျေနပ်ခဲ့ရတဲ့ ဂျာမနီ

3:43 AM, 2 December

ကော်စတာရီကာ ၂ - ၄ ဂျာမနီ (ပွဲပြီးရလဒ်) 

ဂနာဘရီ ၉မိနစ်

တီဂျီဒါ ၆၂မိနစ်

ဗားဂက်စ် ၇၁မိနစ်

ဟာဗက်ဇ် ၇၄မိနစ် ၈၅မိနစ်

ဖူးလ်ခရု ၈၉မိနစ်



နည်းပြ ဟန်စီဖလစ်ရဲ့ ဂျာမနီအသင်း နိုင်ပွဲလိုအပ်နေတာကြောင့် ပွဲစတင်ကတည်းက ကော်စတာရီကာအသင်းဘက်ကို တောက်လျှောက်တိုက်စစ်ဖွင့်ကစားခဲ့ပြီး ပွဲကစားချိန် ၉မိနစ်မှာသွင်းယူခဲ့တဲ့ ဂနာဘရီရဲ့သွင်းဂိုးနဲ့အတူ ဦးဆောင်ကစားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာ ကော်စတာရီကာဘက်ကနေ ချေပဂိုးနဲ့ အနိုင်ဂိုးတွေကို ပြန်လည်သွင်းယူနိုင်ခဲ့အပြီးမှာ ဂျာမနီအသင်းရဲ့ လူစားဝင်ကစားသမားတွေဖြစ်တဲ့ ဟာဗက်ဇ်၊ ဖူးလ်ခရုတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ဂျာမနီတို့အနိုင်ကစားနိုင်ခဲ့ပေမဲ့မယ့် အုပ်စု (E) ရဲ့ အခြားပွဲစဉ်တစ်ပွဲဖြစ်တဲ့ ဂျပန်အသင်းနဲ့ စပိန်အသင်းတို့ရဲ့ ပွဲစဉ်မှာ ဂျပန်အသင်းကအနိုင်ရခဲ့တာကြောင့် အုပ်စုအဆင့်နဲ့သာ ဂျာမနီအသင်း ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။ 

#ဂျာမနီ ကော်စတာရီကာ