ရှေ့သို့
Image

ဘယ်လ်ဂျီယံရဲ့ ဇရာထောင်းလာတဲ့ရွှေရောင်မျိုးဆက်ကိုအုပ်စုအဆင့်ကနေ လှည့်ပြန်စေခဲ့တဲ့ ခရိုအေးရှား

11:46 PM, 1 December

နိုင်ပွဲဖော်ဆောင်နိုင်ဖို့ အရေးတကြီးလိုအပ်နေတာကြောင့် နည်းပြ မာတီနက်ဇ်ရဲ့ ဘယ်လ်ဂျီယံအသင်း ဟာဇက်ကို အရန်ထားကာ ကာရက်စ်ကို ကိုထည့်သွင်းပွဲထွက်စေခဲ့ပြီး ကစားကွက်ပိုင်းဆိုင်ရာအပြောင်းအလဲတစ်ချို့ လုပ်ခဲ့ပေမဲ့ ထင်သလောက်အလုပ်မဖြစ်ခဲ့ဘဲ ခရိုအေးရှားအသင်းရဲ့ တိုက်စစ်ပိုင်းကိုသာ သတိကြီးကြီးထားထိန်းချူပ်ကစားနေရပါတယ်။

ဒုတိယပိုင်းအရောက်မှာ လူကာကူ၊ ဒိုကူတို့ရဲ့ ဝင်ရောက်လာမှုနဲ့အတူ ဘယ်လ်ဂျီယံအသင်းအတွက် အခွင့်အရေးအချို့ ဖော်ဆောင်လာနိုင်ခဲ့ပေမဲ့ တိုက်စစ်မှုးလူကာကူ အကြိမ်ကြိမ်လွဲချော်ခဲ့လို့သာ အုပ်စုအဆင့်ကနေ တက်လှမ်းနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။ 

#လူကာကူ #ဒီဘရိုင်း #ခရိုအေးရှား #မိုဒရစ် #ဘယ်လ်ဂျီယံ