ရှေ့သို့
Image

ပထမပိုင်းရလဒ်အတိုင်း မပြောင်းလဲပဲ ကနေဒါကိုနိုင်ကာ အုပ်စုပထမနဲ့ နောက်တစ်ဆင့်တက်ခဲ့တဲ့ မော်ရိုကို(ပွဲပြီးရလဒ်)

11:35 PM, 1 December

ကနေဒါ ၁ - ၂ မော်ရိုကို 

ဇီယက်ချ် (၄ မိနစ်)

အန်နက်ဆရီ (၂၃ မိနစ်)

အာဂတ် (OG) 


- ဒုတိယပိုင်းမှာတော့ ကနေဒါအသင်း ကစားပုံအစွမ်းကုန်မြှင့်တင်ခဲ့ပြီး ဒေးဗီးစ်နဲ့ဘူခါနန်ကိုလည်း မူလနေရာတွေအတိုင်း ပြန်ကစားခဲ့ပါတယ်။ ဂျွန်နသန်ဒေးဗစ်နဲ့ အသင်းခေါင်းဆောင် ဟတ်ချင်ဆန်တို့ကို လူစားလဲခဲ့ပြီးနောက် တိုက်စစ်ကစားပုံလည်း ပိုကောင်းလာခဲ့ပါတယ်။ ကနေဒါအသင်းထောင့်ကန်ဘောကနေ ဟတ်ချင်ဆန်ရဲ့ ခေါင်းတိုက်ချက် ဘားတန်းထိခဲ့သလို ဒေးဗီးစ်ရဲ့ မြန်နှုန်းမြင့် ပြေးအားတွေကလည်း မော်ရိုကိုခံစစ်ကို တော်တော်လေး အလုပ်ရှုပ်စေပါတယ်။ 

- ဒုတိယပိုင်းမှာ မော်ရိုကိုကစားပုံ တော်တော်လေးပျက်သွားခဲ့ပေမယ့် ကွင်းလယ်က အမ်မရာဘတ်ကတော့ အကောင်းဆုံးပုံစံကို ဆက်ထိန်းနိုင်ခဲ့ပါတယ်။ ကနေဒါရဲ့ တောင်ပံနှစ်ဖက်ဖြစ်တဲ့ ဒေးဗီးစ်နဲ့ ဘူခါနန်ဘောလုံးရတာနဲ့ အမ်မရာဘတ်ကြီးက အနားရောက်နေတတ်ပြီး သူ့ရဲ့ပုံစံအတိုင်း ခပ်ကြမ်းကြမ်းရှင်းထုတ်လေ့ရှိတာ တွေ့ရပါတယ်။ ပြောရရင် ကနေဒါရဲ့တိုက်စစ်ကို ကွင်းလယ်ကနေ ဖြတ်တောက်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကစားပုံချင်းကတော့ တော်တော်လေးကွာပါတယ်။ မော်ရိုကိုနိုင်သင့်တဲ့ပွဲကို နိုင်သွားတာပါပဲ။ 



#ကနေဒါ #မော်ရိုကို #ကာတာကမ္ဘာ့ဖလား