ရှေ့သို့

အုပ်စုအဆင့်က လှည့်ပြန်ခဲ့ရပြီဖြစ်တဲ့ ကနေဒါကို အနိုင်ယူပြီး အုပ်စုဗိုလ်ရယူမယ့် မော်ရိုကို

4:55 PM, 1 December

ဒီနေ့ည ၉ နာရီခွဲမှာ ကမ္ဘာ့ဖလားအုပ်စု  F ရဲ့နောက်ထပ်ပွဲစဉ်တစ်ပွဲဖြစ် ကနေဒါ Vs မော်ရိုကိုပွဲစဉ်လည်း ရှိနေပါတယ်။ အုပ်စုနောက်ဆုံးပွဲစဉ်တွေဖြစ်တာနဲ့အညီ နောက်ဆုံးအဆုံးအဖြတ် ဖြစ်တာကြောင့် ပွဲတိုင်းက အကြိတ်အနယ်ရှိပြီး ကြည့်ကောင်းဖို့များပါတယ်။ ဒီပွဲမှာဆိုရင်တော့ ကနေဒါအတွက်က မျှော်လင့်ချက်မရှိတော့ပေမယ့် မော်ရိုကတော့ ရလဒ်ပေါ်မူတည်ပြီး အုပ်ဗိုလ်တောင်ဖြစ်သွားနိုင်ပါတယ်။


ဒီနှစ်မော်ရိုကိုရဲ့ခြေစွမ်းက တော်တော်လေးကောင်ပြီး အသင်းကကြယ်ပွင့် ကစားသမားတွေရဲ့ခြေစွမ်းနဲ့အတူ ရလဒ်ကောင်းတွေလည်း ရရှိခဲ့ပါတယ်။ ဘယ်လ်ဂျီယံကို ၂-၀ ၊ ခရိုအေရှားကို ဝ-၀ ဆိုတဲ့ရလဒ်က ဥရောပအသင်းကြီး နှစ်သင်းကိုကောင်းကောင်းကြီး ကျော်ဖြတ်ပြခဲ့တာပါ။ ကနေဒါက လူစာရင်းအရရော၊ ခြေစွမ်းအရပါ မော်ရိုကိုထက်နိမ့်ပါတယ်။ ဒါကြောင့် မော်ရိုကိုတို့ အုပ်စု F ရဲ့ အဆင့် ၁ နေရာကို ရနိုင်ပါ့မလားဆိုတာ ဘောလုံးစတားရဲ့ ပွဲကြိုသုံးသပ်ချက်က ပြောပြပါလိမ့်မယ်။

 

#၂၀၂၂ကမ္ဘာ့ဖလား #ကနေဒါ #မော်ရိုကို