ရှေ့သို့

ကမ္ဘာ့ဖလား မျှော်လင့်ချက်ရှင်သန်ဖို့ ခရိုအေးရှားကို ကျော်ဖြတ်နိုင်မှဖြစ်မယ့် ဘယ်လ်ဂျီယံ

4:48 PM, 1 December

ဒီနေ့ည ၉ နာရီခွဲမှာ ကမ္ဘာ့ဖလားအုပ်စု F ရဲ့ နောက်ဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ ခရိုအေးရှားနဲ့ ဘယ်လ်ဂျီယံတို့ရဲ့ ပွဲစဉ် ရှိနေပါတယ်။ ဒီအုပ်စုမှာ ကနေဒါက လွဲလို့ ကျန် ၃ သင်းစလုံးအုပ်စုတက်နိုင်ခြေတွေ ရှိနေသေးပြီး ကျန်ခဲ့မယ့်တစ်သင်းကို မသိနိုင်သေးပါဘူး။ ခရိုအေးရှားက မော်ရိုကိုနဲ့သရေကျထားပေမယ့် ကနေဒါကိုတော့ ဂိုးပြတ်နိုင်ခဲ့ပါတယ်။ ဘယ်လ်ဂျီယံကတော့ ကနေဒါကိုနိုင်ပေမယ့် မော်ရိုကို ကိုသွားရှုံးခဲ့လို့ လက်ရှိအပြိုင် ၃ သင်းမှာ အမှတ်အနည်းဆုံးဖြစ်နေလို့ ဒီပွဲကိုမဖြစ်မနေ နိုင်ပွဲရမှ နောက်တစ်ဆင့်တက်နိုင်မှာပါ။


ဘယ်လ်ဂျီယံရဲ့ အသင်းတွင်းစည်းလုံးမှု ပြိုကွဲနေတဲ့ ပြဿနာက အချိန်မှပြန်ဖြေရှင်းနိုင်ပါ့မလား မေးခွန်းထုတ်ချင်စရာပါ။ အဓိက ကစားသမားတွေကြားက နားလည်မှုလွဲမှားမှုတွေသာ မပျောက်သွားရင် အတွေ့အကြုံနဲ့စကေးပေါင်းစပ်ထားတဲ့ ခရိုအေးရှားအသင်းကို ဘယ်လ်ဂျီယံတို့ ယှဉ်နိုင်ဖို့ ခဲယဉ်းပါလိမ့်မယ်။ ဘယ်လ်ဂျီယံပဲ ဖောင်ဖျက်ပြီးနိုင်ပွဲယူမလား၊ ခရိုအေးရှားကပဲ တည်တည်ငြိမ်ငြိမ်နဲ့ အဆင့် ၁ ကို ဆက်ထိန်းသွားမလားဆိုတာကို ဘောလုံးစတားကနေ ပွဲကြိုသုံးသပ်ချက်အစီအစဉ်အနေနဲ့ တင်ဆက်ပေးလိုက်ပါတယ်။

 

#ခရိုအေးရှား #၂၀၂၂ကမ္ဘာ့ဖလား #ဘယ်လ်ဂျီယံ