ရှေ့သို့
Image

ဘောလုံးလောကမှာ ဖူးလ်ခရုလို တိုက်စစ်ကစားသမားမျိုး လိုအပ်နေတယ်လို့ ဆိုလိုက်တဲ့ ကလိုဆေး

4:30 PM, 1 December

ကမ္ဘာ့ဖလားပြိုင်ရဲ့ အုပ်စု (E) အတွင်း ရလဒ်ကောင်းမွန်ခြင်းမရှိဘဲ အဆင့် ၄နေရာမှာ ရပ်တည်နေတဲ့ ဂျာမနီအသင်းရဲ့ တိုက်စစ်ပိုင်းမှာ အုပ်စုတွင်းအင်အားကြီးအသင်းဖြစ်တဲ့ စပိန် အသင်းဘက်ကို အရေးပါတဲ့ သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့တဲ့ ဖူးလ်ခရုအနေဖြင့် ကစားဟန်ကွဲပြားတဲ့ ကစားသမားတစ်ယောက်ဖြစ်တာကြောင့် ဘောလုံးလောကမှာ လိုအပ်နေတဲ့ တိုက်စစ်ကစားသမား တစ်ဦးဖြစ်တယ်လို့ ဂျာမနီဂန္ဓဝင်တိုက်စစ် ကစားသမား ကလိုဆေးက ချီးကျူးပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ဝါဒါဘရီမင်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါပြိုင်ပွဲအတွင်း ၁၄ ပွဲ ကစားအပြီးမှာ သွင်းဂိုး ၁၀ ဂိုး သွင်းယူထားနိုင်ခဲ့တဲ့ ဖူးလ်ခရက်ဟာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားတဲ့ လိုက်ပ်ဇစ် တိုက်စစ်ကစားသမား အန်ကွန်ကူပြီးရင် ဒုတိယမြောက် ဂိုးသွင်းအများဆုံး ကစားသမာအဖြစ် ရပ်တည်နေတာ ဖြစ်သလို ဂျာမနီအသင်းနဲ့ အတူ ပွဲဦးထွက်ပါဝင်ကစားခဲ့တဲ့ အိုမန်အသင်းနဲ့ ပွဲစဉ်မှာလည်း သွင်းဂိုး ၁ဂိုးသွင်းယူထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဘွန်ဒက်စ်လီဂါလိဂ်ပြိုင်ပွဲအတွင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အသက် ၂၉နှစ်အရွယ် ဖူးလ်ခရုအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲဝင်မည့် နည်းပြ ဟန်စီဖလစ်ရဲ့ ဂျာမနီလက်ရွေးစင် အသင်းမှာ ထပ်မံရွေးချယ် ခံခဲ့ရသလို အုပ်စုအဖွင့်ပွဲစဉ်မှာ အရေးနိမ့်ထားခဲ့တဲ့ ဂျာမနီအသင်းအတွက် စပိန်အသင်းနဲ့ ကစားခဲ့တဲ့ ဒုတိယပွဲစဉ်မှာ အရေးပါတဲ့ တစ်လုံးတည်းသော ချေပဂိုးကို လူးစားဝင်ရောက်ကာ သွင်းယူပေးနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဖူးလ်ခရုရဲ့ကစားဟန်နဲ့ ပက်သက်လို့ ဂျာမနီလက်ရွေးစင်အသင်းရဲ့ ဂန္ဓဝင်တိုက်စစ်မှုး ကလိုဆေးက“ဖူးလ်ခရုက ခြေထောက်နှစ်ဖက်စလုံးနဲ့ ဂိုးသွင်းနိုင်သလို ခေါင်းတိုက်ပြီးပါ ဂိုးသွင်းနိုင်စွမ်းရှိတာကြောင့် တိုက်စစ်ကစားသမားကောင်း တစ်ယောက်ရဲ့ အရည်အသွေးတွေ သူ့ဆီမှာ ရှိနေပါတယ်” “စပိန်နဲ့ ကစားခဲ့တဲ့ ပွဲအပြီး အင်တာဗျူး အစီအစဉ်မှာ သူပြောသွားတာကို နားထောက်လိုက်ရအပြီးမှာ ဖူးလ်ခရုရဲ့ ခြေစွမ်း အကုန်မဟုတ်သေးဘူးဆိုတာ ချက်ခြင်းသတိထားလိုက်မိပါတယ်။ သူ ဒီထက်ပိုပြီးကောင်းမွန်တဲ့ ခြေစွမ်းတွေကို ပြသလာပါလိမ့်ဦးမယ်” “သူ့ကိုယ်သူ ဆန်းစစ်ပြောဆိုတာနဲ့ ဂျာမနီအသင်းကနေ ကြားရတဲ့ သတင်းတွေကို ယှဉ်ကြည့်လိုက်ရရင် ဘောလုံးလောကမှာ ဖူးလ်ခရုလို တိုက်စစ်ကစားသမားမျိုး လိုအပ်နေတယ်ဆိုတာ ပြောချင်ပါတယ်”လို့ချီးကျူးပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #ကလိုဆေး