ရှေ့သို့
Image

ဂျာမနီ ကြယ်ပွင့် ဆာနေးကို ခေါ်ယူဖို့ အဆန်စီယိုနဲ့ အလဲအထပ်ပြလုပ်သွားဖွယ် ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်

3:50 PM, 1 December

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဂျာမနီအသင်းနဲ့အတူ ခြေစွမ်းကောင်းအချို့ ပြသထားနိုင်ခဲ့တဲ့ တိုက်စစ်ကစားသမား ဆာနေးကို ခေါ်ယူနိုင်ရေးအတွက် ဥရောပချန်ပီယံလိဂ် ချန်ပီယံ ရီးရဲလ်မက်ဒရစ်အသင်းက အဆန်စီယိုနဲ့ အလဲအထပ်ပြုလုပ်သွားရန် ဘွန်ဒက်စ်လီဂါချန်ပီယံ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးပြောဆိုသွားဖို့ရန် ကြိုတင်ပြင်ဆင်နေပြီပဲ ဖြစ်ပါတယ်။

အီတလီနာမည်ကျော်သတင်းဌာနတစ်ခုဖြစ်တဲ့ တက်တိုမာကိုဝက်ဘ် ရဲ့ ဖော်ပြချက်အရ ဥရောပ ချန်ပီယံရီးရဲလ်မက်ဒရစ် အသင်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ တိုက်စစ်ကစားသမား ဆာနေးကို ခေါ်ယူနိုင်ရေး အတွက် ကမ္ဘာ့ဖလားပြိုင်ပွဲတစ်လျှောက် တောက်လျှောက်ကင်းထောက်ကာ လိုအပ်တဲ့အချက်အလက်တွေကို စုံးစမ်းမေးမြန်းမှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။

အဆိုပါ သတင်းဌာနဲ့ရဲ့အဆိုအရ ရီးရဲလ်မက်ဒရစ်အသင်းက တိုက်စစ်ကစားသမား မားကိုအဆန်စီယိုအနေဖြင့် ခြေစွမ်းအကောင်းအချို့ကို ပြန်လည် ပြသလာနိုင်ပေမဲ့ ဘာနေဗျူးမှာ ဆက်ထိန်းထားလိုခြင်းမရှိဘဲ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဂျာမနီ ကြယ်ပွင့် လီရွိုင်းဆာနေးနဲ့ အလဲအလှယ်ပြုလုပ်သွားနိုင်ခြေ ရှိနေတာ ဖြစ်ပါတယ်။

ဆာနေးအဓိက ပွဲထွက်ကစားပေးနေတဲ့ ဂျာမနီအသင်းက ကမ္ဘာ့ဖလားပြိင်ပွဲအတွင်းမှာ ရလဒ်ကောင်းမွန်နေခြင်းမရှိဘဲ ၂ပွဲ ကစားအပြီးမှာ ၁ပွဲသရေ၊ ၁ပွဲ အရေးနိမ့်ထားခဲ့တာကြောင့် ရမှတ် ၁မှတ်သာရထားက အုပ်စု အဆင့် ၄နေရာ ရောက်ရှိနေပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ၁၆သင်းအဆင့်ကို တက်လှမ်းနိုင်ရေး မျှော်လင့်ချက် ဝေဝါးနေတာပဲ ဖြစ်ပါတယ်။

#ဂျာမနီ #ရီးရဲလ်မက်ဒရစ် #၂၀၂၂ကမ္ဘာ့ဖလား #ဆန်စီရို #ဆာနေး