ရှေ့သို့
Image

အင်္ဂလန်အတွက် သွင်းခဲ့တဲ့ဂိုးတွေဟာ ကွယ်လွန်သွားတဲ့ သူငယ်ချင်းကို ရည်ရွယ်တဲ့ ရက်ရှ်ဖို့ဒ်

3:46 PM, 1 December

ဝေးလ်နဲ့ပွဲမှာ သွင်းယူခဲ့တဲ့ သူ့ရဲ့သွင်းဂိုးတွေဟာ မကြာသေးမီကမှ ကွယ်လွန်သွားတဲ့ သူငယ်ချင်းဖြစ်သူအတွက် ရည်ရွယ်ကြောင်း ပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ အမိုက်စားဖရီးကစ်အပါအဝင် သွင်းဂိုး ၂ ဂိုး သွင်းယူနိုင်ခဲ့ပြီး ဖီးလ်ဖိုဒန်ရဲ့ ဂိုးနဲ့ပါဆိုရင် ၃-၀ နဲ့ ဗြိတိန်ပြိုင်ဘက်ကို အယ်ရေယန်ကွင်းထဲမှာ အလဲထိုးနိုင်ခဲ့ပါတယ်။ ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ မန်ချက်စတာယူနိုက်တက်ရဲ့ တိုက်စစ်ပိုင်းမှာ ခြေစွမ်းပြကစားလျက်ရှိပြီး နိုင်ငံအသင်းအတွက်ကိုလည်း ခြေစွမ်းပြဂိုးတွေ သွင်းယူပြီးနောက် ဒီဂိုးတွေဟာ သူ့ရဲ့ကွင်းလွန်သွားပြီဖြစ်တဲ့ သူငယ်ချင်းအတွက် ရည်ရွယ်ကြောင်းပြောခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်က “လွန်ခဲ့တဲ့ ၂ ရက်လောက်ကမှ ကျွန်တော့်သူငယ်ချင်းတစ်ယောက် ဆုံးသွားပါတယ်။ ကင်ဆာရောဂါနဲ့ အချိန်အကြာကြီး တိုက်ခိုက်ခဲ့ရတာ။ အဲ့ဒါကြောင့် ဒီဂိုး ၂ ဂိုးက သူ့အတွက်ပါပဲ။ ပြီးတော့ သူကကျွန်တော့်ရဲ့ အမာခံပရိသတ်တစ်ယောက်ပါ၊ လူတော်လူကောင်းတစ်ယောက်လည်းဖြစ်လို့ ကျွန်တော့်ဘဝထဲမှာ သူ့ကိုသိခွင့်ရခဲ့လို့ အရမ်းဝမ်းသာပါတယ်”လို့ ပြောခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ၁၆ သင်း ရှုံးထွက်အဆင့်မှာ ဆီနီဂေါနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဂါရက်ဆောက်ဂိတ်ရဲ့အသင်းဟာ ရှုံံးထွက်အဆင့်မှာလည်း စိန်ခေါ်မှုပေါင်းစုံကို ရင်ဆိုင်နိုင်ကြောင်း ရက်ရှ်ဖို့ဒ်က ပြောခဲ့ပါတယ်။

အင်္ဂလန်သားက “အသင်းရဲ့ ရည်ရွယ်ချက်တွေက အရမ်းကောင်းတယ်လို့ ခံစားရတယ်။ အရည်အသွေးတွေလည်း အများကြီးရှိတယ်။ လူစာရင်းကလည်း တောင့်တင်းတာကြောင့် ဒီပြိုင်ပွဲရဲ့ ဘယ်လိုစိန်ခေါ်မှုမျိုးကိုမဆို ရင်ဆိုင်ဖို့အသင့်ပါပဲ”လို့ ပြောသွားခဲ့ပါတယ်။

#အင်္ဂလန် #ရက်ရှ်ဖို့ဒ် #၂၀၂၂ကမ္ဘာ့ဖလား #ဝေးလ်