ရှေ့သို့
Image

ကိုယ်ရေးကိုယ်တာကိစ္စအချို့ကြောင့် ဘန်ဝှိုက် လက်ရွေးစင်လူစာရင်းကနေ နှုတ်ထွက်ထားကြောင်း အင်္ဂလန်အတည်ပြု

3:14 PM, 1 December

ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု (B) အတွင်း ၃ပွဲကစားအပြီး ၂ပွဲနိုင်၊ ၁ပွဲသရေကစားကာ ရမှတ် ၇မှတ်နဲ့အတူ အုပ်စုဗိုလ်အဖြစ်နဲ့ အုပ်စုအဆင့်မှ ၁၆သင်းအဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တဲ့ အင်္ဂလန်အသင်းရဲ့ နောက်တန်းကစားသမား ဘန်ဝှိုက်က ကိုယ်ရေးကိုယ်တာအရေးကိစ္စကြောင့် လက်ရွေးစင်အသင်းရဲ့ လေ့ကျင့်ရေး အစီအစဉ်တွေမှာ လာရောက်ပူးပေါင်းနိုင်ခြင်းမရှိဘဲ နှုတ်ထွက်ထားတဲ့ အကြောင်းကို အတည်ပြု ထုတ်ပြန်လိုက်တာပဲ ဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်အသင်းက ဝေးလ်အသင်းကို ၀ - ၃ ရလဒ်ဖြင့်အနိုင်ကစားနိုင်ခဲ့တဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ လေ့ကျင့်ရေးအစီအစဉ်ကို အဖျားဝေဒနာကြောင့် လာရောက်ပူးပေါင်းနိုင်ခြင်းမရှိတဲ့ ဘန်ဝှိုက်က လက်ရွေးစင်အသင်းရဲ့ လူစာရင်းကနေ နှုတ်ထွက်သွားခဲ့တာကြောင့် နည်းပြ ဆောက်ဂိတ်အနေဖြင့် လက်ကျန်ကမ္ဘာ့ဖလား ပွဲစဉ်တွေမှာ ကစားသမား ၂၅ ယောက်ဖြင့်သာ ယှဉ်ပြိုင်သွင်းရာမှာဖြစ်ပေမဲ့ နောက်တန်းမှာတော့ အခြားကစားသမားတွေဖြစ်တဲ့ မက်ဂွာရီ၊ ဂျွန်စတုန်း၊ ဒိုင်ယာ၊ ကိုဒီ တို့ရှိနေတာလည်း ဖြစ်ပါတယ်။

ဘန်ဝှိုက် လက်ရွေးစင် လူစာရင်းကနေ နှုတ်ထွက်သွားတဲ့အကြောင်းကို အင်္ဂလန်လက်ရွေးစင် အသင်းဘက်က “ဘန်ဝှိုက်က အယ်ဝါခရက်ချ်မှာ ပြုလုပ်တဲ့ လေ့ကျင့်ရေးအစဉ်မှာကတည်းက ပူးပေါင်းခြင်းမရှိခဲ့ဘဲ ကိုယ်ရေးကိုယ်တာကိစ္စဆိုကြောင့်ဟုဆိုကာ ပြန်သွားခဲ့ပါတယ်။ အာဆင်နယ်နောက်တန်း ကစားသမားအနေဖြင့် ကမ္ဘာ့ဖလားပြိုင်ပွဲအမီ လာရောက်ပူးပေါင်းဖို့ မျှော်လင့်လို့မရသလို ကစားသမားရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ ကိစ္စဖြစ်နေတာကြောင့် ကျွန်တော်တို့အနေဖြင့်လည်း အလေးဂရုပြုပါတယ်”လို့ကြေငြာချက်ထုတ်ပြန်ခဲ့တာပဲ ဖြစ်ပါတယ်။

#အင်္ဂလန် #ဘန်ဝှိုက် #၂၀၂၂ကမ္ဘာ့ဖလား