ရှေ့သို့
Image

ပေါင်ဒဏ်ရာကြောင့် ကမ္ဘာ့ဖလား လက်ကျန်ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီဖြစ်တဲ့ နူနိုမန်ဒက်စ်

2:13 PM, 1 December

ပေါ်တူဂီနောက်ခံလူ နူနိုမန်ဒက်စ်ဟာ ပေါင်ဒဏ်ရာကြောင့် ကမ္ဘာ့ဖလားလက်ကျန်ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီ ဖြစ်ပါတယ်။

ပီအက်စ်ဂျီ နောက်ခံလူဟာ ဥရုဂွေးနဲ့ အုပ်စုပွဲစဉ်မှာ ဒဏ်ရရှိခဲ့တာဖြစ်ပြီး ကွင်းထဲကနေ ထော့နဲ့ထော့နဲ့ဖြင့် မျက်ရည်တွေဝဲပြီး ထွက်သွားခဲ့ရပါတယ်။ ဒဏ်ရာရဲ့ အတိမ်အနက်အခြေအနေအတိအကျကို မသိရသေးပေမယ့် ပေါင်ဒဏ်ရာ ရရှိခဲ့တယ်လို့ ယူဆရပြီး ဆရာဝန်တွေရဲ့ စစ်ဆေးမှုအပြီးမှာ အနားယူဖို့ လိုအပ်လာတာကြောင့် ကမ္ဘာ့ဖလား လက်ကျန်ပွဲစဉ်တွေကို လွဲချော်ခဲ့ပြီ ဖြစ်ပါတယ်။

လူမှုကွန်ရက်က ပရိသတ်တွေကတော့ နူနိုမန်ဒက်စ်ရဲ့ ယခုအခြေအနေအပေါ် စာနာစကားတွေပြောခဲ့ကြပါတယ်။
ပရိသတ်တစ်ဦးက “ပေါ်တူဂီအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပါ”လို့ ရေးသားခဲ့ပါတယ်။ နောက်တစ်ဦးကလည်း “နူနိုမန်ဒက်စ် ကမ္ဘာ့ဖလားနဲ့ လွဲချော်ခဲ့ပါပြီ။ ဒါက ပေါ်တူဂီအသင်းအတွက် ကြီးမားတဲ့ သက်ရောက်မှုပါပဲ။ မကြာခင် ပြန်သက်သာလာပါစေ မန်ဒက်စ်ရေ”လို့ ဆိုပါတယ်။

မန်ဒက်စ်ရဲ့ ဒဏ်ရာအခြေအနေအပေါ်မှာတော့ ပေါ်တူဂီအသင်းက တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။
ပေါ်တူဂီ အသင်းကတော့ ဥရုဂွေးနဲ့ပွဲစဉ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ သွင်းဂိုး၂ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ၁၆သင်းအဆင့်ကို တက်ရောက်သွားခဲ့ပြီး ဖြစ်ပါတယ်။

#ပေါ်တူဂီ #ဥရုဂွေး #၂၀၂၂ကမ္ဘာ့ဖလား #မန်ဒက်စ်