ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (F) ခရိုအေးရှား - ဘယ်လ်ဂျီယံ ပွဲကြိုခန့်မှန်းချက် (ည ၉း၃၀)

2:03 PM, 1 December

ကွင်း - Al Rayyan ကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
ခရိုအေးရှား - ပါရီဆစ် (မသေချာ)
ဘယ်လ်ဂျီယံ - အိုနာနာ (ပွဲပယ်ပြစ်ဒဏ်)

ခရိုအေးရှားအသင်း အခြေအနေ
=============
အုပ်စုအဖွင့်ပွဲစဉ်နှစ်ပွဲဆက် ရမှတ်တွေရှာဖွေနိုင်တဲ့ ခရိုအေးရှားအတွက် ဒီပွဲစဉ်မှာ ရမှတ်မဆုံးရှုံးဘူးဆိုရင်ပဲ ကမ္ဘာ့ဖလားရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်မှာဖြစ်ပါတယ်။

ဘယ်လ်ဂျီယံအသင်း အခြေအနေ
==============
လက်ရှိအုပ်စုတတိယနေရာမှာ ရပ်တည်နေတဲ့ ဘယ်လ်ဂျီယံအတွက် ဒီပွဲစဉ်ကို မဖြစ်မနေအနိုင်ကစားထားမှသာ ကိုယ့်ကြမ္မာကိုယ်ဖန်တီးပြီး အုပ်စုအဆင့်မှ လွတ်မြောက်နိုင်မှာဖြစ်ပါတယ်။

ခန့်မှန်းချက်
======
ခရိုအေးရှားအနေနဲ့ ဒီပွဲစဉ်မှာ ဘယ်လ်ဂျီယံရဲ့မျှော်လင့်ချက်တွေကို ရိုက်ချိုးပြီး  နောက်တစ်ဆင့်တက်ရောက်နိုင်ဖို့ အကောင်းဆုံးလုပ်ဆောင်နိုင်မယ့် အခွင့်အရေးတစ်ခုရှိနေပါတယ်။ ဒါလစ်ရဲ့အသင်းက နောက်ဆုံးပွဲစဉ် ၁၈ ပွဲမှာ တစ်ပွဲပဲရှုံးနိမ့်ထားတာဆိုပေမယ့် ဒီပွဲစဉ်မှာရင်ဆိုင်ရမယ့်ပြိုင်ဘက်က ကမ္ဘာ့အဆင့် (၂) ဘယ်လ်ဂျီယံအသင်းဖြစ်လို့ အမှားတွေပြုလုပ်လို့တော့ မရပါဘူး။

တဖက်မှာတော့ ဘယ်လ်ဂျီယံရဲ့ လက်ရှိခြေစွမ်းပိုင်းနဲ့ အသင်းလိုက်စိတ်ဓါတ်ပိုင်းက အတော်လေး မေးခွန်းထုတ်စရာကောင်းသလို ဒီပွဲစဉ်မှာသာ ခြေထပ်ချော်ခဲ့မယ်ဆိုရင် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်မှာပဲ လက်ပြနှုတ်ဆက်ရမှာ ဖြစ်ပါတယ်။ လတ်တလော ဒီဘရိုင်းရဲ့အင်တာဗျူးကိစ္စက ဘယ်လ်ဂျီယံအသင်းရဲ့ အဝတ်လဲခန်းစည်းလုံးမှုကို အတော်လေးထိခိုက်သွားခဲ့ပါတယ်။

ပြိုင်ဘက်အသင်း နှစ်သင်းလုံးက ရည်မှန်းချက်ကိုယ်စီအတွက် တိုက်ပွဲဝင်မှာဖြစ်လို့ ကြည့်ကောင်းမယ့်ပွဲစဉ်ဖြစ်လာဖို့ သေချာသလို ခြေစွမ်းပိုင်းကလည်း ကွာဟမှုနည်းပါးနေတာကြောင့် သရေရလဒ်ပဲ ထွက်ပေါ်နိုင်ပါတယ်။

ခရိုအေးရှား - ဘယ်လ်ဂျီယံ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-----------------------------------------------
ဘယ်လ်ဂျီယံ ၁ - ၀ ခရိုအေးရှား (၇-ဇွန်-၂၀၂၁)
ခရိုအေးရှား ၁ - ၂ ဘယ်လ်ဂျီယံ (၁၁-အောက်တိုဘာ-၂၀၁၃)
ဘယ်လ်ဂျီယံ ၁ - ၁ ခရိုအေးရှား (၁၂-စက်တင်ဘာ-၂၀၁၂)
ဘယ်လ်ဂျီယံ ၀ - ၁ ခရိုအေးရှား (၄-မတ်-၂၀၁၀)
ဘယ်လ်ဂျီယံ ၂ - ၁ ခရိုအေးရှား (၁၁-စက်တင်ဘာ-၂၀၀၃)
.
ခရိုအေးရှား နောက်ဆုံး (၅) ပွဲရလဒ်
----------------------------------
ခရိုအေးရှား ၄ - ၁ ကနေဒါ (၂၇-နိုဝင်ဘာ-၂၀၂၂)
မော်ရိုကို ၀ - ၀ ခရိုအေးရှား (၂၃-နိုဝင်ဘာ-၂၀၂၂)
ဆော်ဒီ ၀ - ၁ ခရိုအေးရှား (၁၆-နိုဝင်ဘာ-၂၀၂၂)
သြစတြီးယား ၁ - ၃ ခရိုအေးရှား (၂၆-စက်တင်ဘာ-၂၀၂၂)
ခရိုအေးရှား ၂ - ၁ ဒိန်းမတ် (၂၃-စက်တင်ဘာ-၂၀၂၂)
.
ဘယ်လ်ဂျီယံ နောက်ဆုံး (၅) ပွဲရလဒ်
---------------------------------
ဘယ်လ်ဂျီယံ ၀ - ၂ မော်ရိုကို (၂၇-နိုဝင်ဘာ-၂၀၂၂)
ဘယ်လ်ဂျီယံ ၁ - ၀ ကနေဒါ (၂၄-နိုဝင်ဘာ-၂၀၂၂)
ဘယ်လ်ဂျီယံ ၁ - ၂ အီဂျစ် (၁၈-နိုဝင်ဘာ-၂၀၂၂)
နယ်သာလန် ၁ - ၀ ဘယ်လ်ဂျီယံ (၂၆-စက်တင်ဘာ-၂၀၂၂)
ဘယ်လ်ဂျီယံ ၂ - ၁ ဝေးလ် (၂၃-စက်တင်ဘာ-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #ခရိုအေးရှား #၂၀၂၂ကမ္ဘာ့ဖလား #ဘယ်လ်ဂျီယံ