ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (F) ကနေဒါ - မော်ရိုကို ပွဲကြိုခန့်မှန်းချက် (ည ၉း၃၀)

1:33 PM, 1 December

ကွင်း - Al Thumama ကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
ကနေဒါ - မရှိ
မော်ရိုကို - အက်ဇ်ဇယ်ဇူးလီ (သေချာပေါက်လွဲ)

ကနေဒါအသင်း အခြေအနေ
=============
ကနေဒါက အုပ်စုအဖွင့်ပွဲစဉ်နှစ်ပွဲဆက်ရှုံးနိမ့်ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကို အုပ်စုအဆင့်မှာပဲ လက်ပြနှုတ်ဆက်ခဲ့ရပါပြီ။

မော်ရိုကိုအသင်း အခြေအနေ
==============
မော်ရိုကိုက နောက်တစ်ဆင့်တက်ခွင့်ရချင်ရင် ဒီပွဲမှာ မရှုံးအောင်ကစားနိုင်ဖို့ပဲ လိုအပ်နေသလို လက်ရှိအသင်းရဲ့စိတ်ဓါတ်ပိုင်းနဲ့ ခြေစွမ်းပိုင်းကလည်း အတက်ဘက်ကို ရောက်ရှိနေပါတယ်။

ခန့်မှန်းချက်
======
ကနေဒါရဲ့ခြေစွမ်းပိုင်းက အခုကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင်ကစားနိုင်ဖို့ တော်တော်လေး အားနည်းလွန်းပါတယ်။ အုပ်စုပွဲစဉ် ၂ ပွဲကစားပြီးချိန်မှာပဲ ပြိုင်ပွဲမှထွက်ခွာရဖို့ သေချာခဲ့ပြီဖြစ်လို့ ဒီပွဲစဉ်မှာ ဘယ်လောက်အထိ ကြိုးစားအားထုတ်ကစားမလဲဆိုတာ စောင့်ကြည့်သင့်ပါတယ်။

မော်ရိုကိုကတော့ ဒီအုပ်စုမှာ ဖျက်မြင်းအသင်းပီသစွာနဲ့ပဲ လက်ရှိအချိန်မှာ ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။ အုပ်စုတွင်း အင်အားကြီးပြိုင်ဘက်တွေဖြစ်တဲ့ ခရိုအေးရှား၊ ဘယ်လ်ဂျီယံတို့ဆီက ရမှတ်တွေရယူနိုင်ခဲ့တဲ့ မော်ရိုကိုရဲ့ခြေစွမ်းက အသိအမှတ်ပြုစရာပါ။ ဒီပွဲစဉ်မှာလည်း အုပ်စုတွင်းခြေစွမ်းပိုင်း အားအနည်းဆုံး ကနေဒါနဲ့ရင်ဆိုင်ကစားရမှာဖြစ်လို့ မော်ရိုကိုအတွက် အနိုင်ရလဒ်က သေချာနေပါတယ်။

ကနေဒါ - မော်ရိုကို ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၁) ကြိမ်
-----------------------------------------------
မော်ရိုကို ၄ - ၀ ကနေဒါ (၁၂-အောက်တိုဘာ-၂၀၁၆)
.
ကနေဒါ နောက်ဆုံး (၅) ပွဲရလဒ်
--------------------------
ခရိုအေးရှား ၄ - ၁ ကနေဒါ (၂၇-နိုဝင်ဘာ-၂၀၂၂)
ဘယ်လ်ဂျီယံ ၁ - ၀ ကနေဒါ (၂၄-နိုဝင်ဘာ-၂၀၂၂)
ဂျပန် ၁ - ၂ ကနေဒါ (၁၇-နိုဝင်ဘာ-၂၀၂၂)
ဘာရိန်း ၂ - ၂ ကနေဒါ (၁၁-နိုဝင်ဘာ-၂၀၂၂)
ကနေဒါ ၀ - ၂ ဥရုဂွေး (၂၇-စက်တင်ဘာ-၂၀၂၂)
.
မော်ရိုကို နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------
ဘယ်လ်ဂျီယံ ၀ - ၂ မော်ရိုကို (၂၇-နိုဝင်ဘာ-၂၀၂၂)
မော်ရိုကို  ၀ - ၀ ခရိုအေးရှား (၂၃-နိုဝင်ဘာ-၂၀၂၂)
မော်ရိုကို ၃ - ၀ ဂျော်ဂျီယာ (၁၇-နိုဝင်ဘာ-၂၀၂၂)
ပါရာဂွေး ၀ - ၀ မော်ရိုကို (၂၈-စက်တင်ဘာ-၂၀၂၂)
မော်ရိုကို ၂ - ၀ ချီလီ (၂၄-စက်တင်ဘာ-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #၂၀၂၂ကမ္ဘာ့ဖလား #ကနေဒါ #မော်ရိုကို