ရှေ့သို့
Image

ကီပါနဲ့ မန်ဒီတို့ ၂ ဦးစလုံးကို ရောင်းချဖို့ ပြင်ဆင်နေတဲ့ ပေါ်တာ

1:03 PM, 1 December

သတင်းတွေအရ ချဲလ်ဆီးအသင်းနည်းပြ ပေါ်တာဟာ ဂိုးသမားသစ် ခေါ်ယူဖို့ ကီပါနဲ့ မန်ဒီတို့ကို ရောင်းချဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

ကီပါဟာ ၂၀၁၉ တုန်းက ချဲလ်ဆီးအသင်းထံ ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၇၂ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။ စပိန်သားရဲ့အရည်အချင်းဟာ သံသယရှိစရာမလိုပေမယ့် အမှားတွေများခဲ့ပြီးနောက် ယုံကြည်မှု ပျောက်ဆုံးနေခဲ့တာဖြစ်ပါတယ်။

မန်ဒီကလည်း လမ်းပတ်လက်ထက်တုန်းက ပေါင် ၂၂ သန်းနဲ့ ရန်းနက်စ်ထံကနေ ပြောင်းလာခဲ့တာဖြစ်ပြီး ကနဦးမှာ လက်စွမ်းကောင်းတွေပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီရာသီမှာ မန်ဒီတစ်ယောက် လက်စွမ်းကျဆင်းနေကာ ပွဲထွက်ခွင့်ကိုလည်း ကီပါထံ လွှဲပေးခဲ့ရပါတယ်။

ဒါပေမယ့် ပေါ်တာကတော့ အသင်းရဲ့ဂိုးသမားနေရာကို အပြောင်းအလဲလုပ်ဖို့ ပြင်ဆင်နေပြီး သူ့ကစားကွက်နဲ့အံကိုက်မယ့်သူမျိုးကို အလိုရှိနေပါတယ်။ သတင်းတွေအရ ပေါ်တာဟာ ကီပါ နဲ့ မန်ဒီတို့ရောင်းချပြီး ဂိုးသမားသစ် ခေါ်ယူဖွယ်ရှိနေပါတယ်။ လာမယ့်နွေရာသီမှာ ပေါ်တာတစ်ယောက် ဂိုးသမား နေရာအပြင် ကွင်းလယ် ၂ နေရာ ၊ တောင်ပံနဲ့ တိုက်စစ်မှူးကို အားဖြည့်ချင်နေပါတယ်။

ကီပါရဲ့စာချုပ်သက်တမ်းက ၂ နှစ်ခွဲကျန်ရှိနေသေးတာဖြစ်ပြီး ၂၀၁၈ တုန်းက ၇ နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။

#ကီပါ #ချဲလ်ဆီး #အပြောင်းအရွှေ့ #မန်ဒီ #ပေါ်တာ