ရှေ့သို့
Image

၂၀၁၈ တုန်းက နာမည်ကြီးခဲ့တဲ့ ခရိုအေးရှားရဲ့ ဆွဲဆောင်မှုအရှိဆုံး ပရိသတ် ဒီနှစ်လည်း နာမည်ကြီးနေပြန်

10:06 AM, 1 December

၂၀၁၈ ကမ္ဘာ့ဖလားတုန်းက နာမည်ကြီးသွားခဲ့တဲ့ ခရိုအေးရှားရဲ့ ဆွဲဆောင်မှုအရှိဆုံး ပရိသတ်ကတော့ ဒီနှစ်ကမ္ဘာ့ဖလားမှာလည်း တစ်ဖန်ပြန်လည် ထင်ရှားလာခဲ့ပြန်ပါတယ်။ အသက် ၃၀ အရွယ်ရှိ အိုင်ဗန်နာခနိုးလ်လို့ခေါ်တဲ့ မော်ဒယ်ဟာ ရုရှားကမ္ဘာ့ဖလားတုန်းက ပွဲကြည့်စင်ပေါ်က ပုံရိပ်တွေနဲ့ ထင်ရှားလာခဲ့ပါတယ်။

ဆံပင်အနက်ရောင်နဲ့အလှပိုင်ရှင်ဟာ ခရိုအေးရှားပြည်တွင်း မီဒီယာတွေက ခရိုအေးရှားရဲ့ ဆွဲဆောင်မှုအရှိဆုံး cheerleader ဆိုပြီး အပြိုင်အဆိုင် ဖော်ပြခဲ့တာကြောင့် ခရိုအေရှားမှာတော့ အရမ်းကိုနာမည်ကြီးသွားခဲ့ပါတယ်။ အခုလည်း ကာတာကမ္ဘာ့ဖလားမှာ အုပ်စု F ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မော်ရိုကိုနဲ့ ခရိုအေးရှားတို့ရဲ့ ပွဲစဉ်မှာ လူကာမိုဒရစ်တို့အသင်းကို လာရောက်အားပေးခဲ့တာ တွေ့ရပါတယ်။

ခနိုးလ်ဟာ သူမရဲ့အင်စတာဂရမ်မှာ ပွဲမတိုင်ခင်ကတည်းက ခရိုအေရှားအသင်းရဲ့ ဝတ်စံဒီဇိုင်းနဲ့ ဘီကီနီကို ဝတ်ဆင်ရိုက်ကူးထားတဲ့ ပုံတွေကို တင်ခဲ့ပါတယ်။ ခနိုးလ်ဟာ ဂျာမနီနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်ပြီး ခရိုအေရှာမြို့တော် ဇာဂရက်ဘ်မှာ နေထိုင်လျက်ရှိပါတယ်။ ငယ်စဉ်ကတည်းက ဘောလုံးပွဲတွေကို နှစ်သက်သူဖြစ်ပြီး ဖခင်နဲ့အတူ ကွင်းထဲထိ အတူတူ လိုက်ကြည့်ရင် ဘောလုံးကို သဘောကျခဲ့တာလို့ ဆိုပါတယ်။

ရုရှားကမ္ဘာ့ဖလားမှာတုန်းကတည်းက နိုင်ငံအသင်းကို ဗိုလ်လုပွဲမှာ ပြင်သစ်ကို အရေးနိမ့်တဲ့အထိ တောက်လျှောက် အားပေးခဲ့ပါတယ်။ ခရိုအေးရှားမော်ဒယ်ဟ ကမ္ဘာ့ဖလားအပြီးမှာ ရေကူးဝတ်စုံတံဆိပ်မျိုးစုံအတွက် ကြော်ငြာတွေ ရိုက်ကူးခဲ့ရပြီး ခရိုအေရှားဝတ်စံဒီဇိုင်း ဘီကီနီပုံတွေကတော့ လူကြိုက်အများဆုံးဖြစ်ပါတယ်။

CROkini လို့ နာမည်ပေးထားတဲ့ ရေကူးဝတ်စုံတွေကတော့ အကျော်ကြားဆုံးပါပဲ။ အခုဆိုရင် အမေရိကန်နိုင်ငံမှာ ပြောင်းရွှေ့နေထိုင်လျက်ရှိပြီး မော်ရိုကိုနဲ့ပွဲတုန်းက Al Bayt ကွင်းထဲမှာ အများရဲ့အာရုံစိုက်ခြင်း ခံခဲ့ရပါတယ်။ ကာတာကိုရောက်နေတဲ့ အချိန်အတွင်းတောင် ကာတာရဲ့ အဝတ်အစား ဥပဒေအတိုင်း သူ့ရဲ့ခြေထောက်တွေကို ဖုံးအုပ်ထားတဲ့ ခရိုအေးရှားဒီဇိုင်းဝတ်စုံကြီးနဲ့ ပုံတွေကို တင်ခဲ့ပါသေးတယ်။

#ခရိုအေးရှား #၂၀၂၂ကမ္ဘာ့ဖလား #gossip #အိုင်ဗန်နာခနိုးလ်