ရှေ့သို့
Image

မက်ဆီရဲ့ပင်နယ်တီနဲ့ ပတ်သက်ပြီး လောင်းကြေး ယူရို၂၀၀ ရှုံးသွားတဲ့ ဆက်ဇနီ

9:54 AM, 1 December

ပိုလန်ဂိုးသမား ဆက်ဇနီဟာ အာဂျင်တီးနား စူပါစတား လီယွန်နယ်မက်ဆီရဲ့ ပင်နယ်တီရမရ လောင်းကြေးထပ်ရာမှာ ယူရို၁၀၀ရှုံးခဲ့တယ်လို့ ဖွင့်ဟလာခဲ့ပါတယ်။

၃၂နှစ်သားဟာ ယမန်နေ့ညပွဲစဉ်အတွင်း ဘောလုံးပုတ်ထုတ်စဉ် ဘောလုံးနဲ့မထိပဲ မက်ဆီကို ထိခဲ့တာကြောင့် VARအကြာကြီးစစ်ဆေးပြီးချိန် ပင်နယ်တီခွင့်ပြုခြင်းခံခဲ့ရပါတယ်။ ဒါပေမယ့် သိပ်မကြာခင်မှာပဲ ရရှိလာတဲ့ ပင်နယ်တီကို မက်ဆီကိုယ်တိုင် ကန်သွင်းရာမှာ ဂိုးသမား ဆက်ဇနီက အကောင်းဆုံး ကာကွယ်သွားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ အာဂျင်တီးနားက မက်အယ်လစ္စတာ၊ အယ်ဗာရက်ဇ်တို့ရဲ့သွင်းဂိုးတွေနဲ့အတူ အနိုင်ရရှိကာ အုပ်စုပထမနေရာကနေ ၁၆သင်းအဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။ ပွဲအပြီးမှာတော့ ဆက်ဇနီ မက်ဆီရဲ့ ပင်နယ်တီနဲ့ပတ်သက်ပြီး လောင်းကြေးထပ်ခဲ့ပုံကို ပြန်လည်ပြောပြလာခဲ့ပါတယ်။

ဆက်ဇနီက “ကျွန်တော် ပင်နယ်တီမကန်ခင် အသင်းဖော်တွေနဲ့ စကားပြောခဲ့ပါတယ်။ မက်ဆီရဲ့ပင်နယ်တီက ပေးမှာမဟုတ်ဘူးဆိုပြီး ကျွန်တော် ယူရို၁၀၀ကြေး လောင်းခဲ့တာပါ။ အဲ့ဒီတော့ ကျွန်တော် ရှုံးတာပေါ့ဗျာ” “ကမ္ဘာ့ဖလားမှာ ဒီလိုအရာမျိုးက ပင်နယ်တီ ပေးတယ်ဆိုတာ မသိခဲ့ပါဘူး။ ကျွန်တော် ခုလိုလောင်းကြေးထပ်လို့ ပွဲပယ်ခံရနိုင်ပါတယ်။ ကျွန်တော် အခုအဲ့ဒါကို ဂရုမစိုက်ပါဘူ။ သူ့ကိုလည်း ကျွန်တော် ပေးမှာမဟုတ်ဘူးးလေ။ ယူရို၁၀၀လောက်နဲ့ သူတို့ဂရုစိုက်မှာမှ မဟုတ်တာ”လို့ ပြောခဲ့ပါတယ်။

#အာဂျင်တီးနား #ပိုလန် #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား #ဆက်ဇနီ