ရှေ့သို့
Image

ကမ္ဘာ့ဖလားမှာ ပြသနေတဲ့ ခြေစွမ်းတွေကြောင့် ဂတ်ပိုကို ခေါ်ယူမယ့် ယူနိုက်တက်

9:47 AM, 1 December

သတင်းတွေအရ ယူနိုက်တက်အသင်းဟာ နယ်သာလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားမှာ ခြေစွမ်းကောင်းတွေပြသနေတဲ့ ဂတ်ပိုကို အခုလာမယ့်ဇန်နဝါရီအစမှာပဲ ခေါ်ယူဖွယ်ရှိနေတယ်လို့ သိရပါတယ်။

ဂတ်ပိုဟာ ပီအက်စ်ဗွီအသင်းနဲ့အတူ ခြေစွမ်းကောင်းတွေပြသနိုင်ခဲ့တာကြောင့် အသင်းတော်တော်များများက မျက်စိကျနေကြတာဖြစ်ပါတယ်။ အသက် ၂၃ နှစ်သားဟာ နယ်သာလန်အသင်းနဲ့ အတူ တောက်ပနေပြီး ဗန်ဟားလ်ရဲ့အသင်းကို ရှုံးထွက်အဆင့် တက်ရောက်နိုင်အောင် သွင်းဂိုး ၃ ဂိုးနဲ့ ကူညီပေးနိုင်ခဲ့ပါတယ်။

ကာတာမှာပြသနေတဲ့ခြေစွမ်းကြောင့် လာမယ့်ဇန်နဝါရီမှာ ဂတ်ပိုကို ခေါ်ယူမယ့်အသင်းတွေ များပြားလာနေပါတယ်။ ပီအက်စ်ဗွီကတော့ လာမယ့်ရာသီအကုန်မှာမှာ ရောင်းချလိုနေပေမယ့် ဇန်နဝါရီမှာ သတ်မှတ်တဲ့တန်ကြေးမျိုးရရရင် ရောင်းထုတ်ဖွယ်ရှိနေပါတယ်။

နယ်သာလန်နဲ့အတူ ဆက်လက်ခြေစွမ်းပြနိုင်မယ်ဆိုရင် သူ့ရဲ့တန်ကြေးက ထပ်မံမြင့်တက်လာဖွယ်ရှိနေပြီး စနေနေ့မှာ နယ်သာလန်က အမေရိကန်အသင်းနဲ့ ရှုံးထွက်အဆင့်ကစားရမှာဖြစ်ပါတယ်။ ယူနိုက်တက်ကတော့ ဂတ်ပိုကို ခေါ်ယူချင်နေဆဲဖြစ်ကာ ကစားသမားရဲ့ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်မှုတွေရှိနေတာဖြစ်ပါတယ်။

ဂတ်ပိုကို ယူနိုက်တက်အသင်း အခြားအသင်းတွေကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေကြပါတယ်။ တန်ဟက်ကတော့ တောင်ပံတိုက်စစ်နေရာအတွက် ဂတ်ပို ခေါ်ယူဖွယ်ရှိနေပြီး ရော်နယ်ဒိုထွက်ခွာမှုကြောင့် ခေါ်ယူဖို့ အဆင်ပြေနိုင်တာဖြစ်ပါတယ်။

“ဂတ်ပိုက အသင်းပြောင်းတော့မှာပါ။ ပီအက်စ်ဗွီက ဆက်မထိန်းနိုင်လောက်တော့ပါဘူး။ သူက ပရီးမီးယားလိဂ်မှာကစားပါလိမ့်မယ်။ ယူနိုက်တက်ကလည်း အလိုရှိနေတာကြောင့် အခွင့်အရေးရနေပါပြီ”လို့ နယ်သာလနကစားသမားဟောင်း ဟန်ကာရေးက ပြောကြားခဲ့ပါတယ်။

မကြာသေးခင်တုန်းကတော့ ဂတ်ပိုတစ်ယောက် အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး အခုလိုပြောကြားခဲ့ပါတယ်။ “အခုချိန်မှာ ကျွန်တော်နိုင်ငံအသင်းနဲ့ အလုပ်ရှုပ်နေပါတယ်။ ဆောင်းဈေးကွက်မှာ ဘာဖြစ်မလဲစောင့်ကြည့်ရမှာပါ။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ ကျွန်တော်အခုတော့ ကမ္ဘာ့ဖလားကိုပဲ အာရုံစိုက်ထားပါတယ်။ ကြားရတာတော့ ဝမ်းသာစရာဖြစ်ပေမယ့် ကျွန်တော် နိုင်ငံအသင်းအတွက်ပဲ အာရုံစိုက်ထားပါတယ်”လို့ ဂတ်ပိုက ပြောကြားခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #နယ်သာလန် #၂၀၂၂ကမ္ဘာ့ဖလား #ဂတ်ပို