ရှေ့သို့
Image

ပြင်သစ်ကို အနိုင်ကစားနိုင်ပေမယ့် အုပ်စုကပဲလှည့်ပြန်ခဲ့ရတဲ့ တူနီးရှား

11:39 PM, 30 November

တူနီးရှား ၁-၀ ပြင်သစ် (ပွဲပြီးရလဒ်)

ခါဇရီ ၅၈ မိနစ်


ပထမပိုင်းမှာ အဆုံးသတ်ပိုင်းအားနည်းခဲ့လို့ သွင်းဂိုးတွေမမြင်တွေ့ခဲ့ရပေမယ့် ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ တူနီးရှားတိုက်စစ်မှူး ခါဇရီက ဒီပွဲရဲ့တစ်လုံးတည်းသောသွင်းဂိုးကို ရယူနိုင်ခဲ့ပါတယ်။ နောက်ပို်ငးပွဲချိန်တွေမှာ ပြင်သစ်က ဂရစ်ဇ်မန်း၊ ဒမ်ဘီလီ၊ မက်ပီတို့ကို ထည့်သွင်းကာ ချေပဂိုးရရှိဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ နာကျင်အချိန်ပို နောက်ဆုံးမိနစ်မှာ ဂရစ်ဇ်မန်းက ချေပဂိုးသွင်းယူပေးခဲ့ပေမယ့် ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ကာ သွင်းဂိုးပယ်ဖျက်ခဲ့ပါတယ်။ တဖက်ပွဲစဉ်မှာ ဩစတြေးလျက ဒိန်းမတ်ကို အနိုင်ရခဲ့တာကြောင့် ဒီပွဲစဉ်မှာအနိုင်ရခဲ့တဲ့တူနီးရှားအနေနဲ့ အုပ်စုအဆင့်မှာပဲ ကျေနပ်ခဲ့ရပါတယ်။


#ပြင်သစ် #၂၀၂၂ကမ္ဘာ့ဖလား #တူနီးရှား