ရှေ့သို့
Image

အမေရိကန်နဲ့ ပွဲအပြီး အင်္ဂလန်ကြယ်ပွင့်တွေကို WAGs တွေနဲ့ သီးခြားတွေ့ခွင့်ပေးခဲ့တဲ့ ဆောက်ဂိတ်

4:04 PM, 30 November

အင်္ဂလန်နည်းပြ ဂါရက်ဆောက်ဂိတ်ဟာ ပြီးခဲ့တဲ့ပိတ်ရက်တုန်းက အင်္ဂလန်ကြယ်ပွင့် ကစားသမားတွေကို သူတို့ရဲ့ ချစ်သူ၊ ဇနီး (WAGs) တွေနဲ့ သီးခြားတွေ့ဖို့ အချိန်ပေးခဲ့တယ်လို့ သိရပါတယ်။ ကစားသမားတွေရဲ့ ဇနီးတွေနဲ့ ချစ်သူတွေကို ကိုဗစ်ကန့်သတ်ချက်တွေကြောင့် ကမ္ဘာ့ဖလားကစားဖို့ အင်္ဂလန်အသင်း တည်းခိုနေတဲ့ ဒိုဟာမြို့က Souq Al-Wakra ဟိုတယ်ကို လာရောက်ခွင့် ပိတ်ထားခဲ့ပါတယ်။ ဒါပေမယ့် နည်းပြဆောက်ဂိတ်က ကစားသမားတွေ စိတ်ဓာတ်တက်ကြွစေဖို့ နည်းလမ်းတစ်ခုကို ရှာဖွေခဲ့တာ ဖြစ်ပါတယ်။

အီရန်ကို ၆-၂ နဲ့ ဂိုးပြတ် အနိုင်ရရှိခဲ့တဲ့ပွဲစဉ်အပြီးမှာလည်း ကာလီဖာနိုင်ငံတကာကွင်းကြီးထဲမှာ အင်္ဂလန် ကစားသမားတွေကို မိသားစုဝင်တွေနဲ့ စကားပြောခွင့်ပေးခဲ့ပါတယ်။ အင်္ဂလန်အသင်းဟာ အမေရိကန်နဲ့ ပွဲမတိုင်ခင်ကတည်းက ကိုဗစ်ကိစ္စတွေရှိမလာစေဖို့ အသင်းကို တင်းတင်းကျပ်ကျပ် တားမြစ်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြဆောက်ဂိတ်က “ကျွန်တော်တို့ အစစအရာရာ သတိကြီးကြီးထားရပါတယ်။ အထူးသဖြင့် အသင်းရဲ့ စည်းလုံးမှု၊ အသင်းမှာ ပျော်ရွှင်မှုနဲ့ ဒဏ်ရာပြဿနာတွေ၊ ကျန်းမာရေးပြဿနာတွေ မရှိစေရေးက ဦးစားပေးပါပဲ။ အထူးသဖြင့် ကျန်းမာရေးကတော့ ကိုယ်တင်မကဘူး၊ ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ အဲ့ဒါကြောင့် အသင်းကို ညီညီမျှမျှဖြစ်အောင် ကြိုးစားရှာဖွေခဲ့ပါတယ်။ လာမယ့်နေ့တွေ ဘာဖြစ်မလဲမသိနိုင်လို့ ဒုတိယပွဲစဉ်ပြီးရင် တစ်ခုခုတော့ လုပ်ဦးမှလို့ စဉ်းစားမိပါတယ်။ ဒါပေမယ့် ဘာကအထိရောက်ဆုံး ဖြစ်မလဲဆိုတာတော့ တော်တော်လေး စဉ်းစားခဲ့ရတယ်”လို့ ပြောခဲ့ပါတယ်။

#ဆောက်ဂိတ် #အင်္ဂလန် #အမေရိကန် #gossip