ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (C) ဆော်ဒီ - မက္ကဆီကို ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၃၀)

2:14 PM, 30 November

ကွင်း - လူဆေးလ်ကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
ဆော်ဒီ - အယ်ရှဟနီ၊ အယ်ဖာရက်ရှ်(သေချာပေါက်လွဲ)၊ အယ်မာကီ(ပွဲပယ်)
မက္ကဆီကို - ဂွါဒရာဒို(မသေချာ)

ဆော်ဒီအသင်း အခြေအနေ
=============
ဆော်ဒီအသင်းဟာ ကစားပုံကောင်းပေမယ့် ပိုလန်နဲ့ပွဲမှာ အမှားတွေကျူးလွန်ခဲ့တာကြောင့် ရှုံးပွဲတွေ့ခဲ့ရပြီး ယနေ့ညပွဲမှာ ခြေစွမ်းဆိုးနေတဲ့ မက္ကဆီကိုအား ကျော်ဖြတ်နိုင်မလား စောင့်ကြည့်ရပါမယ်။

မက္ကဆီကိုအသင်း အခြေအနေ
==============
မက္ကဆီကိုက နောက်တစ်ဆင့်တက်ခွင့်ရဖို့ မဖြစ်မနေအနိုင်ရရန် လိုအပ်ပေမယ့် ခြေစွမ်းပိုင်းက အတော်လေးဆိုးနေတာကြောင့် မျှော်လင့်ချက်နည်းပါတယ်။

ခန့်မှန်းချက်
======
ဆော်ဒီသာ အာဂျင်တီးနားနဲ့ပွဲတုန်းကလို ကစားနိုင်ခဲ့ရင် ယနေ့ည အနည်းဆုံးသရေရနိုင်ကာ အုပ်စုတက်ရေးအတွက် မျှော်လင့်ချက်ရှိနေမှာဖြစ်လို့ ရုန်းကန်ကစားလာနိုင်ပါတယ်။ မက္ကဆီကိုက အဓိကအားဖြင့် တိုက်စစ်ပိုင်းလိုအပ်ချက်ရှိနေတာဖြစ်ပြီး ယခုအချိန်ထိ ဂိုးမရသေးတာက အဆိုပါအချက်ကို သိသာစေပါတယ်။ ၂သင်းစလုံး ရှုံးပွဲမတွေ့ဖို့ ထိန်းကစားလာနိုင်ပြီး တိုက်စစ်အားနည်းကြတဲ့ ၂သင်းတွေ့ချိန် ဂိုးအောက်ပဲ ကြိုက်ပါတယ်။

ဆော်ဒီ - မက္ကဆီကို ထိပ်တိုက်တွေ့ဆုံမှု  - မရှိ
.
ဆော်ဒီ နောက်ဆုံး (၅) ပွဲရလဒ်
--------------------------
ပိုလန် ၂ - ၀ ဆော်ဒီ (၂၆-နိုဝင်ဘာ-၂၀၂၂)
အာဂျင်တီးနား ၁ - ၂ ဆော်ဒီ (၂၂-နိုဝင်ဘာ-၂၀၂၂)
ဆော်ဒီ ၀ - ၁ ခရိုအေးရှား (၁၆-နိုဝင်ဘာ-၂၀၂၂)
ပနားမား ၁ - ၁ ဆော်ဒီ (၁၀-နိုဝင်ဘာ-၂၀၂၂)
ဆော်ဒီ ၁ - ၀ အိုက်စလန် (၆-နိုဝင်ဘာ-၂၀၂၂)
.
မက္ကဆီကို နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------
အာဂျင်တီးနား ၂ - ၀ မက္ကဆီကို (၂၇-နိုဝင်ဘာ-၂၀၂၂)
မက္ကဆီကို ၀ - ၀ ပိုလန် (၂၂-နိုဝင်ဘာ-၂၀၂၂)
မက္ကဆီကို ၁ - ၂ ဆွီဒင် (၁၇-နိုဝင်ဘာ-၂၀၂၂)
မက္ကဆီကို ၄ - ၀ အီရတ် (၁၀-နိုဝင်ဘာ-၂၀၂၂)
မက္ကဆီကို ၂ - ၃ ကိုလံဘီယာ (၂၈-စက်တင်ဘာ-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #၂၀၂၂ကမ္ဘာ့ဖလား #ဆော်ဒီ #မက္ကဆီကို