ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (C) ပိုလန် - အာဂျင်တီးနား ပွဲကြိုခန့်မှန်းချက်(နံနက် ၁း၃၀)

2:04 PM, 30 November

ကွင်း - Stadium974ကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
ပိုလန် - မရှိ
အာဂျင်တီးနား - မရှိ

ပိုလန်အသင်း အခြေအနေ
=============
ပိုလန်အသင်းက ယခုနှစ်ကမ္ဘာ့ဖလားမှာ ခြေစွမ်းကောင်းမရပေမယ့် ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ထားခဲ့ပြီး ယနေ့ည အသည်းအသန်ကစားလာမယ့် အာဂျင်တီးနားကို ဘယ်လိုရင်ဆိုင်မလဲဆိုတာ စိတ်ဝင်တစားနဲ့ စောင့်ကြည့်ရမှာပါ။

အာဂျင်တီးနားအသင်း အခြေအနေ
==============
အာဂျင်တီးနားက ပိုလန်ကို နိုင်တာနဲ့ နောက်တစ်ဆင့်တက်ပြီဖြစ်ပေမယ့် သရေကျသွားရင်တော့ ဆော်ဒီရဲ့ရလဒ်ကို ကြည့်ရမှာဖြစ်ပြီး တော်တော်လေး အန္တရာယ်များနေပါတယ်။

ခန့်မှန်းချက်
======
ပိုလန်က မထင်မှတ်ထဲ ဒီအုပ်စုမှာ အဆင့်၁နေရာရနေပြီး ယနေ့ညမှာလည်း အာဂျင်တီးနားကို ဒုက္ခပေးလာနိုင်ပါတယ်။ အာဂျင်တီးနားကတော့ တိုက်စစ်ပိုင်းအားနည်းချက် ကြီးကြီးမားမားရှိနေပြီး ယနေ့ည မဖြစ်မနေအနိုင်ကစားဖို့ လိုအပ်နေချိန် နည်းပြ စကာလိုနီတစ်ယောက် ဘယ်လိုပွဲထွက်လာမယ်ဆိုတာ စိတ်ဝင်စားစရာပါ။

ပိုလန်က သရေကျရင် တက်ပြီဖြစ်တဲ့အတွက် ခံစစ်ပိတ်ကန်လာမယ့် အခြေအနေမှာ အာဂျင်တီးနားကလည်း ဂိုးတွေအများကြီး မရနိုင်လို့ ဂိုးအောက်ကို ကြိုက်ပါတယ်။

ပိုလန် - အာဂျင်တီးနား ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၃) ကြိမ်
----------------------------------------------------------
ပိုလန် ၂ - ၁ အာဂျင်တီးနား (၅-ဇွန်-၂၀၁၁)
အာဂျင်တီးနား ၂ - ၀ ပိုလန် (၁၄-ဇွန်-၁၉၇၈)
ပိုလန် ၃ - ၂ အာဂျင်တီးနား (၁၅-ဇွန်-၁၉၇၄)
.
ပိုလန် နောက်ဆုံး (၅) ပွဲရလဒ်
---------------------------
ပိုလန် ၂ - ၀ ဆော်ဒီ (၂၆-နိုဝင်ဘာ-၂၀၂၂)
မက္ကဆီကို ၀ - ၀ ပိုလန် (၂၂-နိုဝင်ဘာ-၂၀၂၂)
ပိုလန် ၁ - ၀ ချီလီ (၁၆-နိုဝင်ဘာ-၂၀၂၂)
ဝေးလ် ၀ - ၁ ပိုလန် (၂၆-စက်တင်ဘာ-၂၀၂၂)
ပိုလန် ၀ - ၂ နယ်သာလန် (၂၃-စက်တင်ဘာ-၂၀၂၂)
.
အာဂျင်တီးနား နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------
အာဂျင်တီးနား ၂ - ၀ မက္ကဆီကို (၂၇-နိုဝင်ဘာ-၂၀၂၂)
အာဂျင်တီးနား ၁ - ၂ ဆော်ဒီ (၂၂-နိုဝင်ဘာ-၂၀၂၂)
ယူအေအီး ၀ - ၅ အာဂျင်တီးနား (၁၆-နိုဝင်ဘာ-၂၀၂၂)
အာဂျင်တီးနား ၃ - ၀ ဂျမေကာ (၂၈-စက်တင်ဘာ-၂၀၂၂)
အာဂျင်တီးနား ၃ - ၀ ဟွန်ဒူးရပ်စ် (၂၄-စက်တင်ဘာ-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #အာဂျင်တီးနား #ပိုလန် #၂၀၂၂ကမ္ဘာ့ဖလား