ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (D) သြစတြေးလျ - ဒိန်းမတ် ပွဲကြိုခန့်မှန်းချက် (ည ၉း၃၀)

12:40 PM, 30 November

ကွင်း - အယ်ဂျနော့ဘ်ကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
သြစတြေးလျ - အက်ကင်ဆန်(မသေချာ)
ဒိန်းမတ် - ဒီလာနေး (သေချာပေါက်လွဲ)

သြစတြေးလျအသင်း အခြေအနေ
=============
သြစတြေးလျအသင်းဟာ ဒုတိယမြောက်ပွဲစဉ်မှာ နိုင်ပွဲရခဲ့ပြီးနောက် အုပ်စုတက်ရေးမျှော်လင့်ချက် အသက်ဆက်လာခဲ့ကာ ယနေ့ညမှာတော့ ၁၆သင်းအဆင့်တက်နိုင်မယ့် အရည်အချင်းရှိမရှိဆိုတာ ဒိန်းမတ်နဲ့ အစမ်းသပ်ခံရမှာ ဖြစ်ပါတယ်။

ဒိန်းမတ်အသင်း အခြေအနေ
==============
ဒိန်းမတ်ကတော့ ယခုနှစ်ကမ္ဘာ့ဖလားမှာ မျှော်မှန်းထားတဲ့အတိုင်း ခြေစွမ်းကောင်းမပြနိုင်ခဲ့သလို တိုက်စစ်ကလည်း ယခုချိန်ထိ ဂိုးမရသေးဘဲ အခြေအနေဆိုးနေတာကြောင့် ယနေ့ည အာရှအသင်း သြစတြေးလျကို ကျော်နိုင်မလား ကြည့်ရပါမယ်။

ခန့်မှန်းချက်
======
သြစတြေးလျက တူနီးရှားနဲ့ပွဲစဉ်မှာ မထင်မှတ်ထားတဲ့ ခြေစွမ်းမျိုးပြသနိုင်ခဲ့ပြီး အုပ်စုတက်ဖို့ အခြေအနေကောင်းသွားပေမယ့် ယနေ့ည အနည်းဆုံး သရေရအောင်ကစားနိုင်ဖို့ လိုအပ်နေပါသေးတယ်။

ဒိန်းမတ်က နောက်ပိုင်းပွဲစဉ်တွေမှာ အသာရထားတဲ့ ပြင်သစ်ကိုတောင် ရှုံးခဲ့ပြီး ယနေ့ညမှာရော တိုက်စစ်က ဂိုးသွင်းပြီး အသင်းကို ကယ်တင်မလားစောင့်ကြည့်ရမှာပါ။ ဒိန်းမတ်က နိုင်ပွဲရအောင် ဖွင့်ကန်လာမယ်ဆိုပေမယ့် သြစတြေးလျက ထုံးစံအတိုင်း ပိတ်ကန်လာမယ့် အခြေအနေမှာ ဂိုးတွေအများကြီးမရနိုင်လို့ ဂိုးအောက်ကို ကြိုက်ပါတယ်။

 သြစတြေးလျ - ဒိန်းမတ် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၄) ကြိမ်
----------------------------------------------------------
ဒိန်းမတ် ၁ - ၁ သြစတြေးလျ (၂၁-ဇွန်-၂၀၁၈)
ဒိန်းမတ် ၂ - ၀ သြစတြေးလျ (၂-ဇွန်-၂၀၁၂)
သြစတြေးလျ ၁ - ၀ ဒိန်းမတ် (၁-ဇွန်-၂၀၁၀)
သြစတြေးလျ ၁ - ၃ ဒိန်းမတ် (၇-ဖေဖော်ဝါရီ-၂၀၀၇)
.
သြစတြေးလျ နောက်ဆုံး (၅) ပွဲရလဒ်
----------------------------------
တူနီးရှား ၀ - ၁ သြစတြေးလျ (၂၆-နိုဝင်ဘာ-၂၀၂၂)
ပြင်သစ် ၄ - ၁ သြစတြေးလျ (၂၃-နိုဝင်ဘာ-၂၀၂၂)
နယူးဇီလန် ၀ - ၂ သြစတြေးလျ (၂၅-စက်တင်ဘာ-၂၀၂၂)
သြစတြေးလျ ၁ - ၀ နယူးဇီလန် (၂၂-စက်တင်ဘာ-၂၀၂၂)
သြစတြေးလျ ၀ - ၀ ပီရူး (၁၄-ဇွန်-၂၀၂၂)
.
ဒိန်းမတ် နောက်ဆုံး (၅) ပွဲရလဒ်
-----------------------------
ပြင်သစ် ၂ - ၁ ဒိန်းမတ် (၂၆-နိုဝင်ဘာ-၂၀၂၂)
ဒိန်းမတ် ၀ - ၀ တူနီးရှား (၂၂-နိုဝင်ဘာ-၂၀၂၂)
ဒိန်းမတ် ၂ - ၀ ပြင်သစ် (၂၆-စက်တင်ဘာ-၂၀၂၂)
ခရိုအေးရှား ၂ - ၁ ဒိန်းမတ် (၂၃-စက်တင်ဘာ-၂၀၂၂)
ဒိန်းမတ် ၂ - ၀ သြစတြီးယား (၁၄-ဇွန်-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #ဒိန်းမတ် #၂၀၂၂ကမ္ဘာ့ဖလား #သြစတြေးလျ