ရှေ့သို့
Image

ဝီဂန် အသင်းရဲ့ နည်းပြသစ် ဖြစ်လာတဲ့ အာဆင်နယ်ဂန္တဝင်ကိုလိုတိုရေး

11:16 AM, 30 November

အာဆင်နယ် အသင်းနဲ့ မန်စီးတီး အသင်း ကစားသမားဟောင်း ကိုလိုတိုရေးဟာ ဝီဂန်အသင်းရဲ့ နည်းပြ ဖြစ်လာပါတယ်။ အကိုဖြစ်သူ ယာယာတိုရေးက ဝီဂန်အသင်းကို တာဝန်ယူကိုင်တွယ်ဖို့ ငြင်းပယ်ခဲ့ပြီးနောက် တိုရေးက အခုလို နည်းပြအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရတာပါ။

တိုရေးဟာ လက်စတာ စီးတီး အသင်းမှာ နည်းပြအဖွဲ့ဝင်တစ်ယောက်အဖြစ် ၉ လကြာ တာဝန်ယူထမ်းဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဆယ်ရက်ကမှ ရာထူးက ထွက်ခွာခဲ့တာပါ။ ဒါဟာ တိုရေးအနေနဲ့ လီဗာပူးအသင်းမှာ ကတည်းက လက်တွဲခဲ့ဖူးတဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာနဲ့ လမ်းခွဲလိုက်တာပဲ ဖြစ်ပါတယ်။ သူဟာ ရော်ဂျာရဲ့ လက်အောက်မှာ ဆဲလ်တစ်ကစားသမား အဖြစ်လည်း ကစားခဲ့ဖူးပါသေးတယ်။

ဒါပေမယ့် တိုရေးဟာ ယခုလအစောပိုင်းက ရာထူးက ထုတ်ပယ်ခြင်းခံခဲ့ရတဲ့ ဝီဂန်အသင်းရဲ့ နည်းပြ လန်ရစ်ချက်ဆန်ရဲ့ နေရာမှာ အစားထိုးတာဝန်ယူဖို့ ခန့်အပ်ခြင်းခံခဲ့ရပါတယ်။ ဒါဟာ တိုရေးအတွက် ခြေလှမ်းသစ်တစ်ခုဖြစ်ပြီး အင်္ဂလန် စီနီယာ ကလပ်အသင်းတစ်ခုကို နည်းပြအဖြစ် တာဝန်ယူတဲ့ ပထမဆုံး အာဖရိက သားတစ်ယောက်လည်း ဖြစ်လာခဲ့ပါတယ်။

သူဟာ အိုင်ဗရီကိုစ့် နိုင်ငံ သားဟောင်းတစ်ယောက်ဖြစ်ပြီး နိုင်ငံလက်ရွေးစင် အသင်းနဲ့ အတူ ၂၀၀၆ ၊ ၂၀၁၀ ၊ ၂၀၁၄ ကမ္ဘာ့ဖလားတွေမှာ ပါဝင်ကစားထားပြီး စုစုပေါင်း နိုင်ငံ အသင်းအတွက် ၁၁၈ ပွဲ ကစားပေးထားနိုင်ခဲ့ပါတယ်။ သူဟာ ဝီဂန်အသင်းရဲ့ DW ကွင်းမှာ ၃၄၅ ပွဲအထိ ကစားထားဖူးသလို အာဆင်နယ်အသင်းရဲ့ ၂၀၀၃-၀၄ ရှုံးပွဲမရှိ ပရီးမီးယားလိဂ် ဖလားရယူခဲ့တဲ့ ရာသီမှာလည်း အသင်းရဲ့ အဓိက ကစားသမားတစ်ယောက် ဖြစ်ခဲ့ပါတယ်။

ထိုဝီဂန်အသင်းနည်းပြ ရာထူးကို ကိုလိုတိုရေးရဲ့ အကို ယာယာတိုရေးကိုလည်း ထိုရာထူးအတွက် ကမ်းလှမ်းခဲ့ပေမယ့် ယာယာတိုရေးကတော့ တော့တင်ဟမ်အသင်းမှာပဲ နည်းပြအဖြစ် ဆက်လုပ်ဖို့ ရွေးချယ်ခဲ့ပါတယ်။ သူကတော့ တော့တင်တမ် U 16 အသင်းရဲ့ နည်းပြချုပ်အဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။

#အာဆင်နယ် #ပရီးမီးယားလိဂ် #ဝီဂန် #ကိုလိုတိုရေး