ရှေ့သို့
Image

စပိန်ကို သရေကစားပြီး ကမ္ဘာ့ဖလားမှာ ဂျာမနီ အခွင့်အရေးရှိသေးတဲ့အကြောင်း ပြောဆိုလိုက်တဲ့ နူအာ

10:21 AM, 30 November

ကမ္ဘာ့ဖလားအုပ်စု ပွဲစဉ် (၂) ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ စပိန်အသင်းနဲ့ ဂျာမနီ အသင်းတို့ ကစားခဲ့ကြတဲ့ ပွဲစဉ်အတွင်း အုပ်စုပထမနေရာမှာစပိန်အသင်းရဲ့ ဒုတိယပိုင်း အစောပိုင်း သွင်းဂိုးနဲ့ ဦးဆောင်ခြင်းခံခဲ့ရပေမဲ့ နောက်ကလိုက်ကစားပြီး လူစားဝင်တိုက်စစ်ကစားသမားဖူလ်ခရက်ရဲ့ သွင်းဂိုးနဲ့အတူ ၁ဂိုး - ၁ဂိုး သရေ ရလဒ်ထွက်ပေါ်အောင် ကစားနိုင်ခဲ့ပြီး ဂျာမနီအသင်းအတွက် ဂိုးကာကွယ်မှုတွေ ပြုလုပ်ကာ အရေးပါတဲ့ ရမှတ် တစ်မှတ်ကို အရယူပေးနိုင်ခဲ့တဲ့ ဂိုးသမားနူအာက အုပ်စုအဖွင့်ပွဲစဉ်မှာအရေးနိမ့်ခဲ့ပေမဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဂျာမနီအသင်းမှာလည်း အခွင့်အရေးရှိနေသေးကြောင့် ကြွေးကြော်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

အုပ်စုပထမနေရာမှ နည်းပြ အန်းနရစ်ရဲ့ စပိန်အသင်းက ပထမပိုင်း ပွဲကစားချိန် တစ်လျှောက်လုံးဖိအားပေး ကစားနိုင်ခဲ့သလို ပွဲကစားချိန် ၁၀မိနစ်မှာ အိုလ်မိုရဲ့ အပြင်းကန်သွင်းချက်ကို ဂိုးသမားနူအာပုတ်ထုတ်လိုက်နိုင်လို့သာ ဂျာမနီတို့ သက်သက်ရာ ရခဲ့ပြီး ဂျာမနီဘက်က အခွင့်အရေးအနေနဲ့တော့ များစားစားမရှိခဲ့ပါဘူး။ပွဲကစားချိန် ၃၉မိနစ်မှာတော့ အဓိက နောက်တန်းကစားသမား ရူဒီဂါ ခေါင်းတိုက်သွင်းယူခဲ့ပေမဲ့ VAR မှ လူကျွံဘောအဖြစ်နဲ့ သွင်းဂိုးခွင့် ပြုပေးခဲ့ခြင်း မရှိတာလည်း ဖြစ်ပါတယ်။

ဒုတိယပိုင်း ပွဲကစားချိန် ၆၁မိနစ် အရောက်မှာတော့ လူစားဝင်ကစားသမား မိုရာတာက စပိန်အသင်း အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့သလို ပွဲကစားချိန် ၈၄မိနစ်မှာ လူစားဝင်ကစားသမား ဖူးလ်ခရုက ဂျာမနီအသင်းအတွက် အရေးပါတဲ့ ချေပဂိုးပြန်လည် သွင်းယူနိုင်ခဲ့တာကြောင့် ၁ဂိုး - ၁ဂိုး နဲ့ သာ ပွဲပြီးဆုံးခဲ့ပါတယ်။

ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်း ဂျာမနီအသင်းမှာလည်းအခွင့်အရေးရှိဆဲဖြစ်တဲ့အကြောင်းကို ဂျာမနီဝါရင့်ဂိုးသမား နူအာက“စပိန်လို ကစားပုံကောင်းမွန်တဲ့ တကယ့်ထိပ်တန်းအသင်း တစ်သင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာ ခက်ခဲပါတယ်။ ကျွန်တော်တို့အသင်းဘက်ကလည်း ကောင်းကောင်းတုံ့ပြန်ကစားနိုင်ခဲ့ပြီး ကစားချိန် မိနစ် ၉၀အတွင်းမှာ အခွင့်အရေး များများစားစား မပေးခဲ့ရပါဘူး” “ကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းမှာ ကျွန်တော်တို့ အသင်းအတွက်လည်း အခွင့်အရေးရှိနေသေးပြီး ကော်စတာရီကာနဲ့ ကစားရမယ့် အုပ်စုတတိယမြောက် ပွဲစဉ်မှာ အနိုင် ၃မှတ် ရရန်အတွက် အကောင်းဆုံး ကြိုးစားကစားသွားမှာပါ”လို့ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#ဂျာမနီ #စပိန် #နူအာ #၂၀၂၂ကမ္ဘာ့ဖလား