ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (B) ဝေးလ် - အင်္ဂလန် ပွဲကြိုခန့်မှန်းချက်(နံနက် ၁း၃၀)

2:39 PM, 29 November

ကွင်း - အာမက်ဘင်အလီကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
ဝေးလ် - ဟန်နက်စေး(ပွဲပယ်)။
အင်္ဂလန် - မက်ဒီဆင်(သေချာပေါက်လွဲ)၊ ဟယ်ရီကိန်း၊ ဝေါ်လ်ကာ (မသေချာ)။

ဝေးလ်အသင်း အခြေအနေ
=============
ဝေးလ်အသင်းက ယခုနှစ်ကမ္ဘာ့ဖလားမှာ မထင်မှတ်ဘဲ ရုန်းကနေရတဲ့အသင်းဖြစ်ပြီး ယနေ့ည အနိုင်ကစားနိုင်မှသာ နောက်တစ်ဆင့်တက်ဖို့ သေချာမှာ ဖြစ်ပါတယ်။

အင်္ဂလန်အသင်း အခြေအနေ
==============
အင်္ဂလန်အသင်းက အီရန်ကို နိုင်ခဲ့ပေမယ့် အမေရိကန်အသင်းနဲ့ပွဲစဉ်မှာ ခြေစွမ်းပိုင်းက အရမ်းကြီးအားရစရာမဟုတ်ဘဲ ဝေးလ်ကို နိုင်မှ နောက်တစ်ဆင့်ကို အုပ်စုဗိုလ်အဖြစ်နဲ့တက်မှာဖြစ်တာကြောင့် ကြိုးစားကစားလာနိုင်ပါတယ်။

ခန့်မှန်းချက်
======
အင်္ဂလန်အသင်းက ဝေးလ်ထက်တော့ အခြေအနေပိုကောင်းပေမယ့် အုပ်စုပိတ်ပွဲစဉ်ဖြစ်တဲ့အတွက် ၂သင်းစလုံး အားကုန်ထုတ်ကစားလာမယ့် အခြေအနေမှာ ရလဒ်က မှန်းဆရခက်ပါတယ်။

အင်္ဂလန်အသင်းက ရှုံးပွဲမတွေ့ဖို့ ဦးစားပေးထိန်းကန်လာမယ့် အခြေအနေမှာ ဝေးလ်အသင်းကတော့ အနိုင်ရဖို့ လိုအပ်ပေမဲ့ တိုက်စစ်ပိုင်းက ဂိုးရဖို့ ရုန်းကန်ရတတ် တာကြောင့် အပြန်အလှန်သွင်းဂိုးတွေ မြင်ရဖို့မရှိဘဲ ဂိုးအောက်ကို ကြိုက်ပါတယ်။ 
 
ဝေးလ် - အင်္ဂလန် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်
-----------------------------------------------------
အင်္ဂလန် ၃ - ၀ ဝေးလ် (၉-အောက်တိုဘာ-၂၀၂၀)
အင်္ဂလန် ၂ - ၁ ဝေးလ် (၁၆-ဇွန်-၂၀၁၆)
အင်္ဂလန် ၁ - ၀ ဝေးလ် (၇-စက်တင်ဘာ-၂၀၁၁)
ဝေးလ် ၀ - ၂ အင်္ဂလန် (၂၆-မတ်-၂၀၁၁)
ဝေးလ် ၀ - ၁ အင်္ဂလန် (၃-စက်တင်ဘာ-၂၀၀၅)
.
ဝေးလ် နောက်ဆုံး (၅) ပွဲရလဒ်
---------------------------
ဝေးလ် ၀ - ၂ အီရန် (၂၅-နိုဝင်ဘာ-၂၀၂၂)
အမေရိကန် ၁ - ၁ ဝေးလ် (၂၂-နိုဝင်ဘာ-၂၀၂၂)
ဝေးလ် ၀ - ၁ ပိုလန် (၂၆-စက်တင်ဘာ-၂၀၂၂)
ဘယ်လ်ဂျီယံ ၂ - ၁ ဝေးလ် (၂၃-စက်တင်ဘာ-၂၀၂၂)
နယ်သာလန် ၃ - ၂ ဝေးလ် (၁၅-ဇွန်-၂၀၂၂)
.
အင်္ဂလန် နောက်ဆုံး (၅) ပွဲရလဒ်
-------------------------------
အင်္ဂလန် ၀ - ၀ အမေရိကန် (၂၆-နိုဝင်ဘာ-၂၀၂၂)
အင်္ဂလန် ၆ - ၂ အီရန် (၂၁-နိုဝင်ဘာ-၂၀၂၂)
အင်္ဂလန် ၃ - ၃ ဂျာမနီ (၂၇-စက်တင်ဘာ-၂၀၂၂)
အီတလီ ၁ - ၀ အင်္ဂလန် (၂၄-စက်တင်ဘာ-၂၀၂၂)
အင်္ဂလန် ၀ - ၄ ဟန်ဂေရီ (၁၅-ဇွန်-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #အင်္ဂလန် #၂၀၂၂ကမ္ဘာ့ဖလား #ဝေးလ်