ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (B) အီရန် - အမေရိကန် ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၃၀)

2:07 PM, 29 November

ကွင်း - အယ်သူမာမာကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
အီရန် - ဘေရန်ဗန့်၊ နူအာလာဟီ(မသေချာ)၊ ဂျာဟန်ဘက် (ပွဲပယ်)။
အမေရိကန် - မရှိ

အီရန်အသင်း အခြေအနေ
=============
အီရန်အသင်းက ခြေစွမ်းအကောင်းကြီးမဟုတ်ပေမယ့် ရလဒ်ကောင်းတွေရရှိအောင် စွမ်းဆောင်ထားနိုင်ပြီး ယနေ့ည အနိုင်ကစားထားနိုင်တာနဲ့ အုပ်စု ပထမနေရာနဲ့နောက်တစ်ဆင့်တက်နိုင်ရေးအတွက်ပါ မျှော်လင့်ချက်ရှိနေပါသေးတယ်။

အမေရိကန်အသင်း အခြေအနေ
==============
အမေရိကန်အသင်းကတော့ ကမ္ဘာ့ဖလားမှာ ကစားရမယ့်ခြေစွမ်းမျိုး လောက်လောက်လားလားမပြသထားနိုင်သေးပေမဲ့ အုပ်စုတက်ရေးမျှော်လင့်ချက်ရှိနေတာကြောင့် အီရန်ကို မီးကုန်ယမ်းကုန် ကစားလာနိုင်ပါတယ်။

ခန့်မှန်းချက်
======
အီရန်အသင်းက သရေရရင်တောင် နောက်တစ်ဆင့်တက်ပြီဖြစ်ပေမယ့် နောက်ဆုံးပွဲမှာ အနိုင်နဲ့ပိတ်သိမ်းဖို့ ကြိုးစားလာရန်ရှိနေပါတယ်။ အီရန်ရဲ့ ခြေစွမ်းကတော့ အမေရိကန်လိုအသင်းကို ကောင်းကောင်းယှဉ်ကစားနိုင်တာကြောင့် ဂိုးမပေးအောင်သာကစားရဖို့ ရှိနေပါတယ်။ အမေရိကန်ရဲ့ ဂိုးပေါက်ပျောက်နေမှုကြောင့် အပိတ်ပွဲမှာ အီရန်အသင်းပဲ သရေကစာနိုင်ဖို့များပါတယ်။  

အီရန် - အမေရိကန် ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၁) ကြိမ်
-----------------------------------------------------
အမေရိကန် ၁ - ၂ အီရန် (၂၁-ဇွန်-၁၉၉၈)
.
အီရန် နောက်ဆုံး (၅) ပွဲရလဒ်
----------------------------
ဝေးလ် ၀ - ၂ အီရန် (၂၅-နိုဝင်ဘာ-၂၀၂၂)
အင်္ဂလန် ၆ - ၂ အီရန် (၂၁-နိုဝင်ဘာ-၂၀၂၂)
အီရန်  ၁ - ၀ နီကာရာဂွါ (၁၀-နိုဝင်ဘာ-၂၀၂၂)
ဆီနီဂေါ ၁ - ၁ အီရန်  (၂၇-စက်တင်ဘာ-၂၀၂၂)
အီရန် ၁ - ၀ ဥရုဂွေး (၂၃-စက်တင်ဘာ-၂၀၂၂)
.
အမေရိကန် နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
အင်္ဂလန် ၀ - ၀ အမေရိကန် (၂၆-နိုဝင်ဘာ-၂၀၂၂)
အမေရိကန် ၁ - ၁ ဝေးလ် (၂၂-နိုဝင်ဘာ-၂၀၂၂)
ဆော်ဒီ ၀ - ၀ အမေရိကန် (၂၈-စက်တင်ဘာ-၂၀၂၂)
ဂျပန် ၂ - ၀ အမေရိကန် (၂၃-စက်တင်ဘာ-၂၀၂၂)
အယ်ဆာဗေဒို ၁ - ၁ အမေရိကန် (၁၅-ဇွန်-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #၂၀၂၂ကမ္ဘာ့ဖလား #အီရန် #အမေရိကန်