ရှေ့သို့
Image

အင်တာမိုင်ယာမီ အသင်းနဲ့ သဘောတူညီမှု ရရှိခဲ့ပြီဆိုတဲ့သတင်းတွေဟာ သတင်းအမှားတွေလို့ မက်ဆီရဲ့ ကိုယ်စားလှယ်ပြောကြား

1:55 PM, 29 November

မက်ဆီရဲ့ကိုယ်စားလှယ်ကတော့ ရာသီအကုန်မှာ မက်ဆီတစ်ယောက် အင်တာမိုင်ယာမီအသင်းထံ ပြောင်းရွှေ့တော့မှာဖြစ်တယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပါတယ်။ တနင်္ဂနွေနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေအရ အာဂျင်တီးနားသားဟာ လာမယ့်နှစ်မှာ  အမေရိကမြေကို ပြောင်းတော့မှာဖြစ်တယ်လို့ ဖော်ပြနေကြတာဖြစ်ပါတယ်။

အဆိုပါအပြောင်းအရွှေ့က လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားအတွက် ကြီးမားတဲ့ အားသာချက်ဖြစ်လာနိုင်ပြီး မက်ဆီကလည်း မေဂျာလိဂ်ကိုပြောင်းရွှေ့ချင်နေပါတယ်။ ဒါပေမယ့် မက်ဆီရဲ့ကိုယ်စားလှယ် မာဆယ်လိုမန်ဒက်ဇ်ကတော့ အဆိုပါသတင်းတွေဟာ သတင်းအမှားတွေဖြစ်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

“အဲ့တာက မှားပါတယ်။ သတင်းအမှားတွေပါ။ အင်တာမိုင်ယာမီနဲ့ကြားမှာ ဘာဆွေးနွေးမှုမှမရှိပါဘူး”လို့ မန်ဒက်ဇ်က ပြောကြားခဲ့ပါတယ်။

မက်ဆီဟာ လက်ရှိမှာအာဂျင်တီးနား အသင်းကို ကမ္ဘာ့ဖလား ရယူပေးနိုင်ဖို့ ဦးဆောင်နေကာ ၂ ပွဲဆက် ဂိုး သွင်းထားနိုင်ခဲ့ပါတယ်။ အာဂျင်တီးနားဟာ  ဗုဒ္ဓဟူးနေ့မှာ ပိုလန် အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး တကယ်လို့ အနိုင် ရရှိခဲ့မယ်ဆိုရင် နောက်တစ်တဆင့်တက်နိုင်မှာဖြစ်ပါတယ်။

#အာဂျင်တီးနား #အပြောင်းအရွှေ့ #မက်ဆီ