ရှေ့သို့
Image

ကမ္ဘာ့ဖလားပွဲမှာ စပိန်နှင့် ၁-၁ ဂိုး သရေကျခဲ့တာကို ကျေနပ်နေတဲ့ သောမက်စ်မူလာ

10:36 AM, 29 November

ကော်စတာရီကာနှင့် မကစားမီ ဂျပန်ကို ၁-၀ ဂိုးဖြင့် ရှုံးနိမ့်ကာ စပိန်နှင့် ၁-၁ ဂိုးသရေကျခဲ့တာကြောင့် ဂျာမနီဟာ ကမ္ဘာ့ဖလားမှာ အုပ်စုတက်ဖို့ အသက်ရှိနေသေးတာဖြစ်ပါတယ်။ အက်သလက်တီကို မက်ဒရစ်အသင်းရဲ့ တိုက်စစ်မှုး မိုရာတာက စပိန်အတွက် ဒုတိယပိုင်းအစမှာ ဦးဆောင်ဂိုး သွင်းယူခဲ့သော်လည်း ဝါဒါဘရီမင်တိုက်စစ်မှုး ဖူလ်ခရက်က ဂျာမနီအတွက်ချေပဂိုး ပြန်သွင်းနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့် တက်ရောက်ဖို့ အသက်ဝင်သွားခဲ့တာဖြစ်ပါတယ်။

စပိန်ကို သရေကျခဲ့တာက ကောင်းတဲ့ရလဒ်တစ်ခုမဟုတ်သော်လည်း ဘိုင်ယန်မြူးနစ်ရဲ့ သောမက်စ်မူလာကတော့ အဆိုပါရလဒ်က ဆုလာဘ်တစ်ခုပဲလို့ပြောခဲ့ပါတယ်။ အသင်းအနေနဲ့ အကောင်းဆုံးမကစားနိုင်ခဲ့ဘူးဆိုတာကို အသက် ၃၃ နှစ်အရွယ် ကစာသမားကသိနေခဲ့ပြီး ၁ မှတ် ရရှိဖို့အတွက် သူတို့အနေနဲ့ အကောင်းဆုံး ကစားနိုင်ခဲ့တာပါ။

"၁-၁ ဂိုးသရေကျတာက ကောင်းမွန်ပြီး စပိန်လိုအရမ်းကောင်းတဲ့အသင်းနဲ့ အကောင်းဆုံးကစားနိုင်ခဲ့တာပါ။ ဒါဟာ ကျွန်တော်တို့ အကောင်းဆုံး ကစားနိုင်တဲ့ပွဲတွေထဲက တစ်ပွဲမဟုတ်ခဲ့သော်လည်း အားလုံးမျှတအောင် လုပ်သွားနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့် တက်ဖို့အတွက်လည်း အခွင့်အရေးက ရှိနေပါသေးတယ်။ အခုတော့ ၁၆ သင်းအဆင့်ကို တက်ရောက်ဖို့ ကျွန်တော်တို့က ကော်စတာရီကာကို အနိုင်ကစားရမှာတော့မှာဖြစ်ပါတယ်" လို့ မူလာက ပြောထားပါတယ်။

စပိန်က ဂျပန်ကို အနိုင်ကစားပြီး ဂျာမနီအနေနဲ့ ကော်စတာရီကာကို အနည်းဆုံး ၂ ဂိုးဖြင့် အနိုင်ရရှိရမှာဖြစ်ပါတယ်။

#ဂျပန် #စပိန် #၂၀၂၂ကမ္ဘာ့ဖလား #မူလာ ကော်စတာရီကာ