ရှေ့သို့
Image

ဘရိုက်တန် အသင်းက အိုဗရီကို့စ် တိုက်စစ်မှုး ဖိုဖာနာကို ခေါ်ယူဖို့ပြင်ဆင်

8:38 AM, 29 November

ပရီးမီးယားလိဂ်ကလပ် ဘရိုက်တန်အသင်းက မိုလ်ဒီအသင်းရဲ့ အိုင်ဗရီကို့စ်တိုက်စစ်မှုး ဒေးဗစ်ဖိုဖာနာကို ခေါ်ယူဖို့ ဆွေးနွေးမှုစတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။ ဆွေးနွေးမှုတွေ ဆက်လက်ပြုလုပ်နေဆဲဖြစ်ပြီး အခြားကလပ်အသင်းတွေကလည်း ခေါ်ယူလိုနေတာကြောင့် ဆွေးနွေးမှုဟာ လွယ်ကူဖွယ်မရှိဘူးလို့လည်း သိရပါတယ်။

*ယခုနှစ်ဘောလုံးရာသီအတွင်း သွင်းဂိုး ၂၁ ဂိုး အထိ သွင်းယူပေးထားနိုင်ခဲ့တဲ့ အသက် ၁၉နှစ် အရွယ် ဖိုဖာနာအတွက် မိုလ်ဒီအသင်းက ပြောင်းရွှေ့ကြေး ယူရို ၁၀သန်း တောင်းဆိုဖွယ် ရှိပါတယ်။


#ဘရိုက်တန် #အပြောင်းအရွှေ့ #ဖိုဖာနာ