ရှေ့သို့
Image

၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (H) ပေါ်တူဂီ - ဥရုဂွေး ပွဲကြိုခန့်မှန်းချက် (နံနက် ၁း၃၀)

3:05 PM, 28 November

ကွင်း - လူဆေးလ်ကွင်း

ဒဏ်ရာရပွဲပယ်အခြေအနေ
===============
ပေါ်တူဂီ - ဒန်နီလိုပါရဲရား(သေချာပေါက်လွဲ)
ဥရုဂွေး - အရူဂျို(သေချာပေါက်လွဲ)

ပေါ်တူဂီအသင်း အခြေအနေ
=============
ပေါ်တူဂီရဲ့ ခြေစွမ်းက ဂါနာကိုနိုင်တဲ့ပွဲမှာ အရမ်းကြီးအားစရာမကောင်းဘဲ တိုက်စစ်က ဂျာအိုဖီးလစ်ကလည်း ခြေစွမ်းကောင်းမပြနိုင်ဘဲ လီယာအိုကတောင် ခဏလေးကစားပြီး သူ့ထက်ပိုကောင်းအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။

ဥရုဂွေးအသင်း အခြေအနေ
==============
ဥရုဂွေးက တောင်ကိုရီးယားနဲ့ပွဲမှာ ထင်သလောက်ခြေစွမ်းမပြနိုင်သလို တိုက်စစ်ကလည်း တောင်ပံကစားသမား ရှားပါးမှုကြောင့် ဂိုးရဖို့ ရုန်းကန်ခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။

ခန့်မှန်းချက်
======
ပေါ်တူဂီအသင်းက ယနေ့ညပွဲမှာနိုင်ရင် ၁၆သင်းအဆင့် တက်နိုင်ပြီဖြစ်တာကြောင့် ခြေကုန်ထုတ်ကစားလာနိုင်သလို ရော်နယ်ဒိုကလည်း မက်ဆီနဲ့အပြိုင် ဂိုးသွင်းဖို့ ကြိုးစားလာမှာပါ။

ဥရုဂွေးကတော့ တောင်ကိုရီးယားနဲ့ပွဲစဉ်အတွင်း ဂိုးပေါက်တည့်မှု၁ကြိမ်သာ ရှိခဲ့ပြီး ဖျက်မြင်းအသင်းလို့ သတ်မှတ်ခံထားရလောက်တဲ့ ခြေစွမ်းမျိုး မပြသနိုင်သေးပါဘူး။ ပေါ်တူဂီရဲ့ ခံစစ်ကစားပုံဆိုးရွားမှုကြောင့် ဥရုဂွေးတို့ ဂိုးရနိုင်သလို ပေါ်တူဂီတိုက်စစ်ကလည်း အတော်လေးကောင်းတာကြောင့် အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားနိုင်ပါတယ်။

ပေါ်တူဂီ - ဥရုဂွေး ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၁) ကြိမ်
-----------------------------------------------------------
ဥရုဂွေး ၂ - ၁ ပေါ်တူဂီ (၁-ဇူလိုင်-၂၀၁၈)
.
ပေါ်တူဂီ နောက်ဆုံး (၅) ပွဲရလဒ်
---------------------------------
ပေါ်တူဂီ ၃ - ၂ ဂါနာ (၂၄-နိုဝင်ဘာ-၂၀၂၂)
ပေါ်တူဂီ ၄ - ၀ နိုင်ဂျီးရီးယား (၁၈-နိုဝင်ဘာ-၂၀၂၂)
ပေါ်တူဂီ ၀ - ၁ စပိန် (၂၈-စက်တင်ဘာ-၂၀၂၂)
ချက်ဇ် ၀ - ၄ ပေါ်တူဂီ (၂၅-စက်တင်ဘာ-၂၀၂၂)
ဆွစ်ဇာလန် ၁ - ၀ ပေါ်တူဂီ (၁၃-ဇွန်-၂၀၂၂)
.
ဥရုဂွေး နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ဥရုဂွေး ၀ - ၀ တောင်ကိုရီးယား (၂၄-နိုဝင်ဘာ-၂၀၂၂)
ကနေဒါ ၀ - ၂ ဥရုဂွေး (၂၇-စက်တင်ဘာ-၂၀၂၂)
အီရန် ၁ - ၀ ဥရုဂွေး (၂၃-စက်တင်ဘာ-၂၀၂၂)
ဥရုဂွေး ၅ - ၀ ပနားမား (၁၂-ဇွန်-၂၀၂၂)
အမေရိကန် ၀ - ၀ ဥရုဂွေး (၆-ဇွန်-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #ပေါ်တူဂီ #ဥရုဂွေး #၂၀၂၂ကမ္ဘာ့ဖလား