ရှေ့သို့
Image

ဘရာဇီးအသင်းကို ဦးဆောင်ပေးဖို့ နေမာ ပြန်လာမယ်ဆိုတာ ယုံကြည်နေတဲ့ မာကွင်ဟို့စ်

1:52 PM, 28 November

ဆားဘီးယားနဲ့ ရင်ဆိုင်ရတဲ့ အုပ်စုအဖွင့်ပွဲစဉ်အတွင်း ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့လို့ အနားယူနေရတဲ့ နေမာဟာ အသင်းကို ဦးဆောင်ပေးဖို့ ပြန်လာမယ်ဆိုတာကို ယုံကြည်နေတဲ့အကြောင်း ဘရာဇီး လက်ရွေးစင်နောက်ခံလူ မာကွင်ဟို့စ်က ထုတ်ပြောလိုက်ပါတယ်။

ဘရာဇီးလက်ရွေးစင်အသင်း ကပ္ပတိန်က ပြီးခဲ့တဲ့ကြာသပတေးနေ့၊ ဆားဘီးယားကို နှစ်ဂိုးပြတ်အနိုင်ရတဲ့ ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် အုပ်စုပွဲစဉ်တွေအကုန်လုံးကို လွဲချော်ရဖို့ ရှိနေပါတယ်။ ဒီအချိန်မှာပဲ နေမာဟာ အခုဒဏ်ရာ အခြေအနေကြောင့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတစ်ခုလုံးကို လွဲချော်နိုင်တယ်ဆိုတဲ့ သံသယတွေ များပြားလာပါတယ်။ ဒါပေမယ့် နေမာရဲ့ လက်ရွေးစင်အသင်းဖော်လည်းဖြစ်၊ ကလပ်အသင်းဖော်လည်းဖြစ်တဲ့ မာကွင်ဟို့စ်က သူတို့ရဲ့အသင်းခေါင်းဆောင်ဟာ တက်နိုင်သမျှ အမြန်ဆုံးကြံ့ခိုင်မှုပြန်လည်ပြည့်ဝစေဖို့ အပြင်းထန်ဆုံး ကာယကုထုံးတွေ လုပ်ဆောင်နေတယ်ဆိုတဲ့အကြောင်း ထုတ်ပြောလာပါတယ်။

တနင်္ဂနွေနေ့သတင်းစာရှင်းလင်းပွဲအတွင်း မာကွင်ဟို့စ်က“ ဒီအချိန်မှာ နေမာအတွက် တကယ်ကိုခက်ခဲလွန်းပြီး ပွဲအပြီးမှာလည်း သူဝမ်းနည်းနေခဲ့ပါတယ်။ ဒါက ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် သူဘယ်လောက်အထိ မျှော်လင့်ထားသလဲဆိုတာ ပြသနေတာလို့ဖြစ်လို့ သာမန်အခြေအနေပဲလို့ ကျွန်တော်ယူဆမိပါတယ်။ အခုစမ်းသပ်စစ်ဆေးကုသမှုတွေအပြီးမှာ သူက ရုပ်ပိုင်းကုထုံးတွေကို ၂၄ နာရီပတ်လုံး လုပ်ဆောင်နေပါတယ်။ ဒါက သူဘယ်လောက်အထိ အသင်းနဲ့ပြန်ပူးပေါင်းချင်တယ်ဆိုတာကို ပြသနေတာပါ။ ဘယ်အချိန်မှာ နေမာ ပြန်လာနိုင်မလဲဆိုတာ ကျွန်တော်တို့လည်း မသိပါဘူး။ ဒါပေမယ့် တက်နိုင်သမျှ အမြန်ဆုံး ပြန်လာဖို့တော့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်”လို့ ပြောဆိုခဲ့ပါတယ်။

ဘရာဇီးအသင်းက ဒီနေ့ညပိုင်းမှာ ဆွစ်ဇာလန်အသင်းနဲ့ ကမ္ဘာ့ဖလားအုပ်စု(G)ရဲ့ အုပ်စုဒုတိယပွဲစဉ်ကို ရင်ဆိုင်ကစားရဖို့ရှိနေကာ ဒီပွဲစဉ်ကို အနိုင်ရထားမယ်ဆိုရင် ကင်မရွန်း-ဆားဘီးယားပွဲစဉ်ရလဒ်ပိုင်းအပေါ် မူတည်ပြီး ၁၆ သင်းရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်ဖွယ် ရှိ၊မရှိ အဖြေထွက်လာဖို့ ရှိနေပါတယ်။

#ဘရာဇီး #နေမာ #မာကွင်ဟို့စ် #၂၀၂၂ကမ္ဘာ့ဖလား