၂၀၂၂ ကမ္ဘာ့ဖလား အုပ်စု (G ) ကင်မရွန်း - ဆားဘီးယား ပွဲကြိုခန့်မှန်းချက် (ညနေ ၄း၃၀)
1:41 PM, 28 November
ကွင်း - အယ်ဂျနော့ဘ်ကွင်း
ဒဏ်ရာရပွဲပယ်အခြေအနေ
===============
ကင်မရွန်း - မရှိ
ဆားဘီးယား - ကော့စတစ်
ကင်မရွန်းအသင်း အခြေအနေ
=============
ကင်မရွန်းရဲ့ ခြေစွမ်းက အရမ်းကြီး ဆိုးရွားလှတယ်လို့ ပြောလိုမရပေမယ့် တိုက်စစ်ပိုင်းက နားလည်မှုအတော်လေး လိုအပ်နေတာကြောင့် ဆွစ်ဇာလန်နဲ့ပွဲမှာ ဂိုးမရခဲ့တာပါ။
ဆားဘီးယားအသင်း အခြေအနေ
==============
ဆားဘီးယားကလည်း တောင်ပံကစားသမားနည်းပါးမှုနဲ့အတူ တိုက်စစ်မှူးတွေသာများနေပြီး ယနေ့ည နိုင်ပွဲရမှသာ နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက်ရှိမှာမလို့ ခြေကုန်ထုတ်ကစားလာနိုင်ပါတယ်။
ခန့်မှန်းချက်
======
ကင်မရွန်းက ဆွစ်ဇာလန်နဲ့ပွဲမှာ ခြေစွမ်းပိုကောင်းခဲ့ပေမယ့် အဆုံးသတ်အတော်လေးအားနည်းတာကြောင့် ရှုံးခဲ့တာဖြစ်ပြီး ယနေ့ည ထပ်ရှုံးရင် အုပ်စုကထွက်ရမှာဖြစ်လို့ အသည်းအသန်ကစားလာနိုင်ပါတယ်။
ဆားဘီးယားကတော့ အုပ်စုအဖွင့်ပွဲမှာ ဘရာဇီးကို ရှုံးတယ်ဆိုပေမယ့် ခံစစ်မာကျောမှုကို ပြသနိုင်ခဲ့ပြီး တန်ပြန်တိုက်စစ်ကတော့ အားရစရာမရှိခဲ့ပါဘူး။ ၂သင်းစလုံးက အုပ်စုတက်ရေးအတွက် ရုန်းကန်လာမှာဖြစ်ပေမယ့် အကြောပေးမှု ပြင်းတဲ့ ဆားဘီးယားပဲ နိုင်သွားဖို့များပါတယ်။
ကင်မရွန်း - ဆားဘီးယား ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၁) ကြိမ်
-----------------------------------------------------------
ဆားဘီးယား ၄ - ၃ ကင်မရွန်း (၆-ဇွန်-၂၀၁၀)
.
ကင်မရွန်း နောက်ဆုံး (၅) ပွဲရလဒ်
------------------------------
ဆွစ်ဇာလန် ၁ - ၀ ကင်မရွန်း (၂၄-နိုဝင်ဘာ-၂၀၂၂)
ကင်မရွန်း ၁ - ၁ ပနားမား (၁၈-နိုဝင်ဘာ-၂၀၂၂)
ကင်မရွန်း ၁ - ၁ ဂျမေကာ (၉-နိုဝင်ဘာ-၂၀၂၂)
တောင်ကိုရီးယား ၁ - ၀ ကင်မရွန်း (၂၇-စက်တင်ဘာ-၂၀၂၂)
ကင်မရွန်း ၀ - ၂ ဥဇဘက်ကစ္စတန် (၂၃-စက်တင်ဘာ-၂၀၂၂)
.
ဆားဘီးယား နောက်ဆုံး (၅) ပွဲရလဒ်
----------------------------
ဘရာဇီးလ် ၂ - ၀ ဆားဘီးယား (၂၅-နိုဝင်ဘာ-၂၀၂၂)
ဘာရိန်း ၁ - ၅ ဆားဘီးယား (၁၈-နိုဝင်ဘာ-၂၀၂၂)
နော်ဝေး ၀ - ၂ ဆားဘီးယား (၂၈-စက်တင်ဘာ-၂၀၂၂)
ဆားဘီးယား ၄ - ၁ ဆွီဒင် (၂၅-စက်တင်ဘာ-၂၀၂၂)
ဆလိုဗေးနီးယား ၂ - ၂ ဆားဘီးယား (၁၃-ဇွန်-၂၀၂၂)