ရှေ့သို့
Image

မက္ကဆီကိုအား အနိုင်ရရှိအောင် လှုံ့ဆော်ပေးနိုင်ခဲ့တဲ့အပေါ် တုံ့ပြန်ပြောဆိုလိုက်တဲ့ မက်ဆီ

11:02 AM, 28 November

ကမ္ဘာ့ဖလားအဖွင့်ပွဲစဉ်မှာ ဆော်ဒီကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် မက္ကဆီကိုနှင့် အရေးပါတဲ့ပွဲစဉ်မှာ အာဂျင်တီနားအား အနိုင်ရရှိအောင် ဦးဆောင်နိုင်ခဲ့တဲ့အပေါ် မက်ဆီက ပြောဆိုလိုက်ပါတယ်။ မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ရခြင်းက အဝတ်လဲခန်းကို လှုပ်ခတ်သွားစေတာဖြစ်ပြီး အလှည့်အပြောင်းဖြစ်ဖို့ သူတို့တွေက အခွင့်အရေး ရရှိခဲ့တာဖြစ်ပါတယ်လို့ မက်ဆီက ပြောပါတယ်။

"အဖွင့်ပွဲစဉ်မှာ ဆော်ဒီကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့ပြီးနောက် ကျွန်တော်တို့က အဆင်မပြေဖြစ်နေခဲ့တာပါ။ အချိန်က အရမ်းကိုကြာနေတယ်လို့ ခံစားနေရပြီး ဒါကိုပြောင်းလဲဖို့ အခွင့်အရေးရရှိချင်နေကြတာပါ" "ဒီပွဲက အရေးပါတဲ့ ပွဲဆိုတာကို ကျွန်တော်တို့သိပါတယ်။ ကံကောင်းစွာဖြင့်ဘဲ ကျွန်တော်တို့က အနိုင်ယူရန် အခွင့်အရေး ရရှိခဲ့ပြီး ကျွန်တော်တို့ ပုခုံးပေါ်က ဝန်လည်းပေါ့သွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပျော်ရွင်မှု စိတ်ချမ်းသာမှု စတာတွေအာလုံးက ကျွန်တော်တို့အပေါ်မှာ မူတည်နေတာကြောင့်ဖြစ်ပါတယ်။ ကျွန်တော်တို့က ဒီရလဒ်ကို လိုနေတာဖြစ်ပြီး ဒုတိယပိုင်းမှာ အကောင်းဆုံး အကြွေးပြန်ဆပ်နိုင်ခဲ့ပါတယ်" လို့ မက်ဆီက သတင်းထောက်တွေကို ပြောပါတယ်။

အာဂျင်တီနား အသင်းခေါင်းဆောင်ဟာ မက္ကဆီကိုနဲ့ ပွဲမှာ စံချိန်ချိုးနိုင်ခဲ့တာဖြစ်ပြီး လှပတဲ့ ဂိုးသွင်းယူမှုနှင့်အတူ အန်ဇိုဖာနန်ဒက်ဇ်ရဲ့ သွင်းဂိုးကိုပါ ဖန်တီးပေးနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကမ္ဘာ့ဖလား  ၅ ကြိမ်တွင် အနည်းဆုံး ဂိုးဖန်တီးမှု ၁ ကြိမ် ပြုလုပ်နိုင်တဲ့ ကစားသမားအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။

အာဂျင်တီးနားဟာ အုပ်စုအဆင့်ကနေ တက်ရောက်နိုင်ဖို့ နောက်ဆုံးပွဲစဉ်အဖြစ် နိုဝင်ဘာ ၃၀ ရက်နေ့တွင် ပိုလန်နှင့် ကစားရမှာဖြစ်ပါတယ်။

#အာဂျင်တီးနား #မက်ဆီ #၂၀၂၂ကမ္ဘာ့ဖလား #မက္ကဆီကို