ရှေ့သို့
Image

ပေါင် ၁၈၆ သန်းတန်တဲ့ ၃ နှစ်စာချုပ်နဲ့ ကမ်းလှမ်းခံခဲ့ရတဲ့ ရော်နယ်ဒို

10:26 AM, 28 November

လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေအရ ကလပ်အသင်း တစ်သင်းဟာ ခရစ္စတီယာနိုရော်နယ်ဒိုကို အလွန်များပြားတဲ့ ငွေကြေးပမာဏတစ်ခုဖြစ်တဲ့ ၃ နှစ်စာအတွက် ပေါင် ၁၈၆ သန်းထိပေးပြီး ကမ်းလှမ်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်အစောပိုင်းကပဲ ဘောလွန်းဒီအော် ၅ ဆုရှင်ဟာ နှစ်ဖက်သဘောတူညီမှုယူကာ မန်ချက်စတာယူနိုက်တက်နဲ့ လမ်းလွဲခဲ့ပါတယ်။

ယူနိုက်တက်ဟာ ပီးယာ့စ်မော်ဂန်နဲ့ ရော်နယ်ဒိုရဲ့ အင်တာဗျူးထွက်လာခဲ့ပြီးနောက် ဂန္တဝင်နံပါတ် ၇ ပိုင်ရှင်ကို စာချုပ်ဖျက်သိမ်းဖို့ ဆုံးဖြတ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကြာသပတေးနေ့က ဂါနာကို တစ်ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် ကမ္ဘာ့ဖလား ၅ ကြိမ်ဆက် ဂိုးသွင်းနိုင်တဲ့ ပထမဆုံး ကစားသမားဖြစ်လာတဲ့ ရော်နယ်ဒိုဟာ အခုချိန်မှာ အသင်းလက်မဲ့ဖြစ်နေပါတယ်။

ဒါပေမယ့် CBS သတင်းရဲ့အဆိုအရ ရော်နယ်ဒိုဟာ ဆော်ဒီကလပ် Al-Nassr အသင်းဆီကနေ အလွန်များပြားတဲ့ ကမ်းလှမ်းမှုတစ်ခု ရရှိခဲ့တယ်လို့ဆိုပါတယ်။ အဆိုပါကမ်းလှမ်းမှုရဲ့ တန်ဖိုးဟာ ဒေါ်လာ ၂၂၅ သန်းခန့်ရှိပြီး အသက် ၄၀ အရွယ်ထိ ဒီငွေပမာဏကို ရရှိနေမှာဖြစ်ပါတယ်။ ရော်နယ်ဒို ကိုယ်တိုင်ကလည်း အသင်းတစ်သင်းက သူ့ကိုအလွန်များပြားတဲ့ ငွေပမာဏနဲ့ ကမ်းလှမ်းခဲ့ကြောင်း ဝန်ခံထားပါတယ်။

နယူးကာဆယ်၊ ချဲလ်ဆီးနဲ့ အင်တာမီယာမီတို့ကလည်း ၃၇ နှစ်အရွယ် ကစားသမားကြီးကို ချိတ်ဆက်နေကြပေမယ့် အခုချိန်မှာတော့ အဆိုပါ ၃သင်းစလုံး အနည်းငယ် သွေးအေးသွားခဲ့ပါတယ်။ အဆိုပါဆော်ဒီကလပ်ဟာ ရော်နယ်ဒိုကို ပြီးခဲ့တဲ့နွေရာသီတုန်းကလည်း ယူရို သန်း ၃၅၀ ထိပေးပြီး တစ်ခါကမ်းလှမ်းခဲ့ပါသေးတယ်။ ရော်နယ်ဒိုဟာ ဂါနာကို ၃-၂နဲ့ နိုင်ရရှိခဲ့တဲ့ပွဲမှာ Man of the Match ဆုကိုလည်း ရရှိခဲ့ပါတယ်။

#မန်ချက်စတာယူနိုက်တက် #အပြောင်းအရွှေ့ #ရော်နယ်ဒို