ရှေ့သို့
Image

ဂျပန်ကို အနိုင်ကန်ပြီး နောက်တစ်ဆင့်တက်နိုင်ရေးအိပ်မက်အသက်သွင်းခဲ့တဲ့ ကော်စတာရီကာ

6:39 PM, 27 November

ဂျပန် ၀-၁ ကော်စတာရီကာ (ပွဲပြီးရလဒ်)

ဖူလာ ၈၁'


ဒီနေ့ပွဲစဉ်မှာ ဂျပန်အသင်းက ဂျာမနီအသင်းကို အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့ ပွဲထွက်လူစာရင်းနေရာမှာ ၅ ဦးအထိ အပြောင်းအလဲလုပ်ခဲ့ပါတယ်။ ကော်စတာရီကာကလည်း စပိန်ကို ဂိုးပြတ်အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်ကလို အမှားအယွင်းမျိုး ထပ်မရှိအောင် ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဂိုးမရှိသရေကျခဲ့လို့ ဒုတိယပိုင်းစတင်ချိန်မှာပဲ ဂျပန်က တိုက်စစ်မြှင့်ကစားပြီး ကော်စတာရီကာကို ဖိအားပေးခဲ့ပါတယ်။ ကော်စတာရီကာရဲ့ ခံစစ်ပိုင်းကလည်း ဂျပန်ရဲ့ဖိအားပေးမှုကြောင့် အမှားအယွင်းအနည်းငယ်ရှိခဲ့ပေမယ့် ပေးဂိုးခွင့်ပြုရလောက်အောင်အထိတော့ မဖြစ်ခဲ့ပါဘူး။ တကယ်တမ်း ဂိုးရရှိသွားတာကတော့ ကော်စတာရီကာအသင်းဖြစ်ပြီး ပွဲချိန်နှောင်းပိုင်းမှာ ဖူလာက လှလှပပသွင်းယူခဲ့တာပါ။ နောက်ပိုင်းမှာလည်း ကော်စတာရီကာက ရရှိထားတဲ့ဦးဆောင်ဂိုးကို ထိန်းသိမ်းရင်း အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ခဲ့ပါတယ်။


#ဂျပန် #၂၀၂၂ကမ္ဘာ့ဖလား ကော်စတာရီကာ