ရှေ့သို့
Image

ကမ္ဘာ့ဖလားအုပ်စု(E) စပိန် - ဂျာမနီ ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

2:42 PM, 27 November

အချိန် - ည ၁း၃၀

ကွင်း - Albaytကွင်း


ဒဏ်ရာရပွဲပယ်အခြေအနေ

==============

စပိန် - ဂါယာ(သေချာပေါက်လွဲ)

ဂျာမနီ - ဆာနေး(မသေချာ)


စပိန်အသင်းအခြေအနေ

==============

စပိန်အသင်းရဲ့ခြေစွမ်းက ကော်စတာရီကာနဲ့ပွဲစဉ်မှာ အလွန်အားရစရာကောင်းခဲ့ပေမယ့် ရှေ့မှာ အင်္ဂလန်လည်း ဒီလိုပဲ အဖွင့်ပွဲဂိုးပြတ်နိုင်ပြီး နောက်ပွဲကျ အမေရိကန်နဲ့ သရေကျသွားလို့ ခြေစွမ်းက အရမ်းကြီးမယုံရပါဘူး။


ဂျာမနီအသင်းအခြေအနေ

==============

ဂျာမနီကတော့ ဂျပန်ကို မထင်မှတ်ဘဲရှုံးခဲ့လို့ ပေါက်ကွဲပြရမယ့် အခြေအနေမှာ စပိန်နဲ့လာတွေ့နေလို့ ပြဿနာရှိနေသလို ဒီပွဲရှုံးရင် ထွက်ရမယ်ဆိုတဲ့ ဖိအားလည်းရှိနေပါတယ်။


ခန့်မှန်းချက်

======

စပိန်က ဒီပွဲကို ယုံကြည်မှုအပြည့်နဲ့ ကစားလာမှာဖြစ်ပြီး လူငယ်ကစားသမားတွေက ဂျာမနီကို ဘယ်လိုရင်ဆိုင်မယ်ဆိုတာကလည်း စိတ်ဝင်စားစရာကောင်းနေပါတယ်။ ဂျာမနီကတော့ ယနေ့ညပွဲမှာ မဖြစ်မနေနိုင်ဖို့ လိုအပ်နေတာကြောင့် ဖောင်ဖျက်တိုက်လာမယ့် အခြေအနေမှာ ရှိနေပါတယ်။ ဂိုးပေါင်းအခြေအနေက ပြင်းထန်နေသလို ဂျာမနီက တိုက်စစ်ဖွင့်ကစားလာမယ့် အခြေအနေမှာ စပိန်ကလည်း တိုက်စစ်အစွမ်းပြနေလို့ အပြန်အလှန်သွင်းဂိုးတွေနဲ့ ဂိုးပေါ်သွားနိုင်ပါတယ်။

.

စပိန် - ဂျာမနီ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၅) ကြိမ်

-----------------------------------------------------------

စပိန် ၆ - ၀ ဂျာမနီ (၁၈-နိုဝင်ဘာ-၂၀၂၀)

ဂျာမနီ ၁ - ၁ စပိန် (၄-စက်တင်ဘာ-၂၀၂၀)

ဂျာမနီ ၁ - ၁ စပိန် (၂၄-မတ်-၂၀၁၈)

စပိန် ၀ - ၁ ဂျာမနီ (၁၉-နိုဝင်ဘာ-၂၀၁၄)

ဂျာမနီ ၀ - ၁ စပိန် (၈-ဇူလိုင်-၂၀၁၀)

.

စပိန် နောက်ဆုံး (၅) ပွဲရလဒ်

-----------------------------

စပိန် ၇ - ၀ ကော်စတာရီကာ (၂၃-နိုဝင်ဘာ-၂၀၂၂)

ဂျော်ဒန် ၁ - ၃ စပိန် (၁၇-နိုဝင်ဘာ-၂၀၂၂)

ပေါ်တူဂီ ၀ - ၁ စပိန် (၂၈-စက်တင်ဘာ-၂၀၂၂)

စပိန် ၁ - ၂ ဆွစ်ဇာလန် (၂၅-စက်တင်ဘာ-၂၀၂၂)

စပိန် ၂ - ၀ ချက်ဇ် (၁၃-ဇွန်-၂၀၂၂)

.

ဂျာမနီ နောက်ဆုံး (၅) ပွဲရလဒ်

----------------------------

ဂျာမနီ ၁ - ၂ ဂျပန် (၂၃-နိုဝင်ဘာ-၂၀၂၂)

အိုမန် ၀ - ၁ ဂျာမနီ (၁၆-နိုဝင်ဘာ-၂၀၂၂)

အင်္ဂလန် ၃ - ၃ ဂျာမနီ (၂၇-စက်တင်ဘာ-၂၀၂၂)

ဂျာမနီ ၀ - ၁ ဟန်ဂေရီ (၂၄-စက်တင်ဘာ-၂၀၂၂)

ဂျာမနီ ၅ - ၂ အီတလီ (၁၅-ဇွန်-၂၀၂၂)


#ပွဲကြိုသုံးသပ်ချက် #ဂျာမနီ #စပိန် #၂၀၂၂ကမ္ဘာ့ဖလား