ရှေ့သို့
Image

ကမ္ဘာ့ဖလားအုပ်စု(F) ခရိုအေးရှား - ကနေဒါ ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

2:29 PM, 27 November

အချိန် - ည ၁၀း၃၀

ကွင်း - ခါလီဖာကွင်း


ဒဏ်ရာရပွဲပယ်အခြေအနေ

==============

ခရိုအေးရှား - မရှိ

ကနေဒါ - မရှိ


ခရိုအေးရှားအသင်းအခြေအနေ

==============

ခရိုအေးရှားတို့ ၂၀၁၈ကမ္ဘာ့ဖလားမှာ ဒုတိယနေရာရခဲ့တဲ့လူစာရင်းကို အခြေပြုကာ ဖွဲ့စည်းထားပေမယ့် ကစားသမားတွေက အသက်အရွယ်ရလာတဲ့ အခြေအနေမှာ အရင်ကခြေစွမ်းတွေမရဘဲ မော်ရိုကိုအား သရေကျခဲ့ရပါတယ်။


ကနေဒါအသင်းအခြေအနေ

==============

ကနေဒါက လူငယ်သွေးသစ်တွေနဲ့ ခြေစွမ်းကောင်းပြသနိုင်ပေမယ့် အတွေ့အကြုံအားနည်းသလို ကံလည်းဆိုးခဲ့တာကြောင့် ဘယ်လ်ဂျီယံကို ရှုံးခဲ့ရပါတယ်။


ခန့်မှန်းချက်

======

ခရိုအေးရှား ကစားသမားတွေက အသက်အရွယ်ရနေသလို ကာတာက ရာသီဥတုဒဏ်ကိုလည်း မခံနိုင်တာကြောင့် ရှေ့ပွဲမှာ သရေကျခဲ့ပေမယ့် ယခုပွဲက နေအေးတဲ့ ၁၀ခွဲပွဲစဉ်ဖြစ်လို့ ယနေ့ည ခြေစွမ်းအမှန်ကို ပြန်မြင်ရမလားစောင့်ကြည့်ရမှာပါ။ ကနေဒါက  ဘယ်လ်ဂျီယံနဲ့ပွဲမှာ ၂၂ကြိမ်အထိ ဂိုးပေါက်ကန်သွင်းးခဲ့ပေမယ့် ၃ကြိမ်သာ ဂိုးပေါက်တည့်ခဲ့ပြီး ဒါက အတွေ့အကြုံနဲ့ အဆုံးသတ်ပိုင်းအားနည်းတာကို ပြသနေပေမယ့် ယနေ့ည ထပ်ရှုံးမယ်ဆိုရင် အုပ်စုက ထွက်ရနိုင်လို့ အားကုန်ထုတ်ကစားလာပါတယ်။ ခရိုအေးရှားရဲ့ အကြောပေးမှုတွေ ကျဆင်းလာပြီး ဂိုးပေါင်းတွေ တက်လာချိန်မှာ ၂သင်းစလုံး ဖွင့်တိုက်လာနိုင်တာကြောင့် ဂိုးပေါ်ကို ပိုကြိုက်ပါတယ်။

.

ခရိုအေးရှား - ကနေဒါ ထိပ်တိုက်တွေ့ဆုံမှု - မရှိ

.

ခရိုအေးရှား နောက်ဆုံး (၅) ပွဲရလဒ်

---------------------------------

မော်ရိုကို ၀ - ၀ ခရိုအေးရှား (၂၃-နိုဝင်ဘာ-၂၀၂၂)

ဆော်ဒီ ၀ - ၁ ခရိုအေးရှား (၁၆-နိုဝင်ဘာ-၂၀၂၂)

သြစတြီးယား ၁ - ၃ ခရိုအေးရှား (၂၆-စက်တင်ဘာ-၂၀၂၂)

ခရိုအေးရှား ၂ - ၁ ဒိန်းမတ် (၂၃-စက်တင်ဘာ-၂၀၂၂)

ပြင်သစ် ၀ - ၁ ခရိုအေးရှား (၁၄-ဇွန်-၂၀၂၂)

.

ကနေဒါ နောက်ဆုံး (၅) ပွဲရလဒ်

-------------------------------

ဘယ်လ်ဂျီယံ ၁ - ၀ ကနေဒါ (၂၄-နိုဝင်ဘာ-၂၀၂၂)

ဂျပန် ၁ - ၂ ကနေဒါ (၁၇-နိုဝင်ဘာ-၂၀၂၂)

ဘာရိန်း ၂ - ၂ ကနေဒါ (၁၁-နိုဝင်ဘာ-၂၀၂၂)

ကနေဒါ ၀ - ၂ ဥရုဂွေး (၂၇-စက်တင်ဘာ-၂၀၂၂)

ကာတာ ၀ - ၂ ကနေဒါ (၂၃-စက်တင်ဘာ-၂၀၂၂)


#ပွဲကြိုသုံးသပ်ချက် #ခရိုအေးရှား #၂၀၂၂ကမ္ဘာ့ဖလား #ကနေဒါ