ရှေ့သို့
Image

စပိန်အား ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဂျပန်နဲ့ပွဲကို အရိုးသားဆုံးချဉ်းကပ်မယ့် ကော်စတာရီကာနည်းပြ

11:24 AM, 27 November

တနင်္ဂနွေနေ့ ဂျပန်နှင့်ပွဲမှာ သူ့ရဲ့အသင်းဟာ တိုက်ရိုက်ချဉ်းကပ်နိုင်ဖို့အတွက် ကော်စတာရီကာ နည်းပြ လူးဝစ်စ်ဖာနန်ဒိုဆွာရက်ဇ်က မျှော်လင့်နေပါတယ်။


ဗုဒ္ဓဟူးနေ့က ကစားခဲ့တဲ့ပွဲမှာ စပိန်ဟာ ကော်စတာရီကာကို ၇-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့တာဖြစ်ပြီး အဆိုပါရလဒ်ဟာ အစောပိုင်းကမ္ဘာ့ဖလားပွဲစဉ်တွေမှာ ဂိုးအပြတ်ဆုံးပွဲလည်းဖြစ်ခဲ့ပါတယ်။


ကော်စတာရီဟာ အဆိုပါပွဲမှာ ဂိုးအများကြီးပေးခဲ့ရတာဖြစ်ပြီး စုစုပေါင်းဟာ ပြီးခဲ့တဲ့ ၈ ပွဲမှာ ပေးခဲ့တဲ့ ဂိုးအရေအတွက်နှင့်အတူတူဖြစ်ခဲ့ပါတယ်။ ဒါ့အပြင် စပိန်ဘက်သို့ ဂိုးပေါက်ခြိမ်းခြောက်မှု တစ်ကြိမ်မျှပြုလုပ်နိုင်ခြင်းမရှိခဲ့ဘဲ ၁၉၆၆ ခုနှစ်နှင့် ၁၉၉၀ ခုနှစ်နောက်ပိုင်း ဂိုးပေါက် ခြိမ်းခြောက်မျုမရှိခဲ့တာဖြစ်ပါတယ်။


အုပ်စု E ရဲ့နောက်တစ်ပွဲမှာတော့ ဂျပန်ဟာ ဂျာမနီကို အံ့အားသင့်ဖွဘ် ၂-၁ ဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရရှိခဲ့ပါတယ်။


ကော်စတာရီကာဟာ ဂျပန်ကို အနိုင်ရရှိဖူးခြင်းမရှိဘဲ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၄ ကြိမ်မှာ ၃ ကြိမ်အထိ ရှုံးနိမ့်ထားတာဖြစ်ပါတယ်။


စပိန်နဲ့ပွဲက ရှုံးပွဲနဲ့ပတ်သက်ပြီး သူ့ရဲ့အသင်းကဘာတွေပြင်ဆင်ရမလဲလို့မေးရာတွင်နည်းပြကတော့ ရိုးရိုးလေးပဲ ဖြေကြားခဲ့ပါတယ်။


"ကျွန်တော်က ပွင့်ပွင့်လင်းလင်းပြောတက်တဲ့သူပါ ကျွန်တော်တို့အသင်းက အမှားတွေအများကြီးကျူးလွန်ခဲ့တယ်။ ကျူးလွန်ခဲ့တဲ့အမှားတွေနဲ့ပတ်သက်ပြီး ကျွန်တော်ကရှင်းရှင်းလင်းလင်းပဲ တွေးထားတယ်။ ကျွန်တော်ကစမှားခဲ့တာဖြစ်ပြီး ဒါတွေက ကျွန်တော့်ရဲ့နည်းဗျူဟာတွေကြောင့်ဖြစ်ပါတယ်"


"ကျွန်တော်လည်း အကောင်းဆုံးလုပ်ခဲ့တာကြောင့် ဒီရလဒ်ကို မေ့ပစ်လိုက်ရမှာပါ။ ဒါက အရမ်းကို ခက်ခဲပါတယ်။ ဒါပေမဲ့ ပြောင်းလဲမှုရှိအောင် ကစားဖို့အတွက် ကျွန်တော်တို့မှာ ကစားသမားတွေရှိပါတယ်" လို့ နည်းပြက သတင်းထောက်တွေကို ပြောပါတယ်။


"ကျွန်တော်တို့အသင်းက တိုးတက်လာရမှာပါ။ ပြစ်တင်ပြောဆိုမှုတွေအတွက် ကျွန်တော်တို့က တာဝန်ယူရမှာပါ။ ဒါပေမဲ့ ရလဒ်ကောင်းဖို့အတွက် စပိန်နဲ့ပွဲက ရလဒ်ကိုမေ့ပြီး ကျွန်တော်တို့က အာရုံစိုက်ထားရမှာဖြစ်ပါတယ်"


စပိန်နဲ့ပွဲမှာ သူ့ရဲ့အသင်းက ဂိုးပြတ်ရှုံးနိမ့်ခဲ့သော်လည်း အဆိုပါရလဒ်ကို ပြန်လည်သုံးသပ်ရမယ်လို့ ဆွာရက်ဇ်က ထင်နေပါတယ်။


"စပိန်က အရမ်းကိုကောင်းတဲ့အသင်းပါ၊ ဒါပေမဲ့ ဒီလိုပွဲမျိုးက မျှော်လင့်ထားတဲ့ လုံးဝကို ကွဲပြားခြားနားတဲ့ ရလဒ်မျိုးလည်းထွက်သွားနိုင်ပါတယ်။ သူတို့အသင်းက ကောင်းတယ်ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ ဒီလို ၇ ဂိုးလောက်အထိတော့ ပြတ်မသွားသင့်ပါဘူး" လို့ နည်းပြဆွာရက်ဇ်က ပြောပါတယ်။


ဂျာမနီကို အနိုင်ရရှိခဲ့ပြီးနောက် ဂျပန်ဟာ ၂၀၀၂ခုနှစ်နောက်ပိုင်း ကမ္ဘာ့ဖလား ၂ ပွဲဆက် အနိုင်ရရှိဖို့ ကြိုးစားနေမှာဖြစ်ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ပွဲတွေမှာ ဂျပန်ဟာ ၂ ပွဲဆက် အနိုင်ရရှိခဲ့ဖူးခြင်းမရှိသေးပါဘူး။


ဂျာမနီဟာ စပိန်ကိုရှုံးနိမ့်ပြီး တနင်္ဂနွေနေ့ပွဲမှာ ဂျပန်က အနိုင်ရရှိခဲ့ပါက နီပွန်တွေဟာ ၁၆ သင်းအဆင့်သို့တက်ရောက်သွားမှာဖြစ်ပါတယ်။


စောင့်ကြည့်ရမယ့် ကစားသမားများ


ဂျပန် - တာကူမာအက်ဆန်နို


ဂျာမနီအားအနိုင်ရရှိခဲ့တဲ့ပွဲမှာ လှပတဲ့ အနိုင်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပြီး ဂျပန်အတွက် ကြီးမားတဲ့ နိုင်ပွဲတစ်ခုဖြစ်ခဲ့ပါတယ်။ ပွဲစဉ်အတွင်း ဂျပန်အသင်းရဲ့ ကန်ချက် ၁၂ ကြိမ်အတွင် အက်ဆန်နိုရဲ့ ကန်ချက် ၅ ကြိမ်အထိရှိခဲ့ပြီး ဘယ်ကစားသမားကမှသူ့လောက် ကန်သွင်းနိုင်ခြင်းမရှိခဲ့ပါဘူး။ ကာကာဝါတစ်ဦးတည်းကသာ ၂၀၁၄ခုနှစ် ကမ္ဘာ့ဖလားအဖြစ် ကိုလံဘီယာနှင့်ပွဲမှာ ကန်သွင်းခဲ့တဲ့အကြိမ်ရေက သူ့ထက်ပိုများခဲ့တာဖြစ်ပါတယ်။


ကော်စတာရီကာ - ကီလွာနေးဗက်စ်


နေးဗက်စ်ကတော့ ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်း ဥရောပရဲ့အကောင်းဆုံးဂိုးသမားတွေထဲက တစ်ဦးဖြစ်ခဲ့သော်လည်း စပိန်နဲ့ပွဲမှာ ဆိုးရွားတဲ့အမှားတွေကိုကျူးလွန်ခဲ့တာဖြစ်ပါတယ်။


ပီအက်စ်ဂျီအသင်းရဲ့ ဂိုးသမားဟာ အဆိုပါအမှားတွေကို ပြန်လည်ပြင်ဆင်ပြီး အသင်းရဲ့ ကမ္ဘာ့ဖလားမျှော်လင့်ချက်တွေကို အသက်ရှိနေဖို့အတွက် clean sheet ရရှိအောင် ကူညီပေးရမှာဖြစ်ပါတယ်။


သူဟာ ကမ္ဘာ့ဖလားမှာ ၁၀ ကြိမ်အထိ ကော်စတာရီကာအတွက်ပွဲထွက် ကစားသမား ၃ ဦးအနက် ဆယ်ဆိုဘော်ဂက်စ်၊ ဘရိုက်ယန်ရုဇ်တို့နှင့်အတူ ပါဝင်နေသူဖြစ်ပါတယ်။


ခန့်မှန်းရလဒ်


ကော်စတာရီကဟာ စပိန်ကိုဂိုးပြတ်ရှုံးနိမ့်ခဲ့တာကြောင့် အဆိုပါပွဲတွင် အနိုင်ရရှိမှု ၁၃.၄  % သာပေးခြင်းခံထားရတာပါ။ ဂျပန်အသင်းအနိုင်ရရှိဖို့က ၆၆.၆ % အထိရှိနေပြီး သရေကျဖို့ကတော့ ၂၀ % အထိရှိနေပါတယ်။

#ဂျပန် #၂၀၂၂ကမ္ဘာ့ဖလား ကော်စတာရီကာ လူးဝစ်စ်ဖာနန်ဒိုဆွာရက်ဇ်