ရှေ့သို့
Image

ကမ္ဘာ့ဖလားအုပ်စု(E) ဂျပန် - ကော်စတာရီကာ ပွဲစဉ်အတွက် ပွဲကြိုခန့်မှန်းချက်

11:15 AM, 27 November

အချိန် - ညနေ ၄း၃၀

ကွင်း - အာမက်ဘင်အလီကွင်း


ဒဏ်ရာရပွဲပယ်အခြေအနေ

==============

ဂျပန် - ဆာကာအီ

ကော်စတာရီကာ - မရှိ


ဂျပန်အသင်းအခြေအနေ

==============

ဂျပန်အသင်းဟာ ဂျာမနီနဲ့ပွဲမှာ သမိုင်းဝင်နိုင်ပွဲရခဲ့သလို ခြေစွမ်းကောင်းတွေလည်း ပြသခဲ့ပြီး ယနေ့ညပွဲမှာ နိုင်တာနဲ့ အုပ်စုတက်ဖို့ အခြေအနေကောင်းသွားမှာ ဖြစ်ပါတယ်။


ကော်စတာရီကာအသင်းအခြေအနေ

==============

ကော်စတာရီကာရဲ့ခြေစွမ်းကတော့ အားရစရာမရှိဘဲ သက်ကြီးကစားသမားများနေကာ ယခုနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကာတာနဲ့အတူ အားအနည်းဆုံးတစ်သင်း ဖြစ်နေပါတယ်။


ခန့်မှန်းချက်

======

ဂျပန်အသင်းက ဂျာမနီနဲ့ပွဲစဉ်မှာ နာမည်ကြီးကစားသမားတွေကို ဒုတိယပိုင်းမှထည့်ပြီး ဗျူဟာချခဲ့သလို ယနေ့ညမှာလည်း အစောဆုံးပွဲစဉ်ဖြစ်တာနဲ့အညီ အာရှအသင်းတွေအသာရတတ်တာကို ပရိသတ်တွေ သတိပြုမိကြမှာပါ။ ကော်စတာာရီကာကတော့ စပိန်နဲ့ပွဲက အရှက်တကွဲရှုံးနိမ့်ခဲ့မှုအပေါ် ယနေ့ည ပြန်လည်အဖက်ဆယ်နိုင်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။ ဂျပန်အသင်းရဲ့ အကြောပေးမှုက ပြင်းထန်နေသလို ယုံကြည်မှုလည်းအမြင့်ဆုံးရောက်နေတဲ့ အခြေအနေမှာ ဂျပန်ပဲ ၂ဂိုးပြတ်လောက်နဲ့ နိုင်သွားဖို့များပါတယ်။

.

ဂျပန် - ကော်စတာရီကာ ထိပ်တိုက်တွေ့ဆုံမှု နောက်ဆုံး (၂) ကြိမ်

-----------------------------------------------------------------------

ဂျပန် ၃ - ၀ ကော်စတာရီကာ (၁၁-စက်တင်ဘာ-၂၀၁၈)

ကော်စတာရီကာ ၁ - ၃ ဂျပန် (၃-ဇွန်-၂၀၁၄)

.

ဂျပန် နောက်ဆုံး (၅) ပွဲရလဒ်

----------------------------

ဂျာမနီ ၁ - ၂ ဂျပန် (၂၃-နိုဝင်ဘာ-၂၀၂၂)

ဂျပန် ၁ - ၂ ကနေဒါ (၁၇-နိုဝင်ဘာ-၂၀၂၂)

ဂျပန် ၀ - ၀ အီကွေဒေါ (၂၇-စက်တင်ဘာ-၂၀၂၂)

ဂျပန် ၂ - ၀ အမေရိကန် (၂၃-စက်တင်ဘာ-၂၀၂၂)

ဂျပန် ၀ - ၃ တူနီးရှား (၁၄-ဇွန်-၂၀၂၂)

.

ကော်စတာရီကာ နောက်ဆုံး (၅) ပွဲရလဒ်

---------------------------------------

စပိန် ၇ - ၀ ကော်စတာရီကာ (၂၃-နိုဝင်ဘာ-၂၀၂၂)

ကော်စတာရီကာ ၂ - ၀ နိုင်ဂျီးရီးယား (၁၀-နိုဝင်ဘာ-၂၀၂၂)

ဥဇဘက်ကစ္စတန် ၁ - ၂ ကော်စတာရီကာ (၂၇-စက်တင်ဘာ-၂၀၂၂)

တောင်ကိုရီးယား ၂ - ၂ ကော်စတာရီကာ (၂၃-စက်တင်ဘာ-၂၀၂၂)

ကော်စတာရီကာ ၁ - ၀ နယူးဇီလန် (၁၅-ဇွန်-၂၀၂၂)

#ပွဲကြိုသုံးသပ်ချက် #ဂျပန် #၂၀၂၂ကမ္ဘာ့ဖလား #ကော်စတာ