ရှေ့သို့
Image

ယူနိုက်တက်နဲ့ လီဗာပူးကို ဝယ်ယူမယ့် ဆော်ဒီနိုင်ငံသားဘယ်သူကိုမဆို ကူညီပေးသွားမယ်လို့ ဆော်ဒီအားကစားဝန်ကြီးပြောကြား

1:58 PM, 26 November

ဆော်ဒီအာရေဗျအားကစားဝန်ကြီးက သူနဲ့ဆော်ဒီအစိုးရဟာ ပရီးမီးယားလိဂ်ကလပ်တွေဖြစ်တဲ့ ယူနိုက်တက် နဲ့ လီဗာပူးကို ဝယ်ယူမယ့် ဆော်ဒီနိုင်ငံသားဘယ်သူကိုမဆို ထောက်ပံ့ပေးသွားမယ်လို့ ပြောကြားလိုက်ပါတယ်။ ယူနိုက်တက်အသင်းပိုင်ရှင် ဂလေဇာမိသားစုကတော့ အသင်းကို ရောင်းချတော့မှာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

“ပရီးမီးယားလိဂ်က ဆော်ဒီမှာ လူကြည့်အများဆုံးလိဂ်ပါ။ ကျွန်တော်တို့မှာ ပရီးမီးယားလိဂ်ပရိသတ်တွေ အများကြီးရှိပါတယ်။ ကျွန်တော်တို့ ဆော်ဒီနိုင်ငံသား ဘယ်သူကိုမဆို ထောက်ပံ့ပေးသွားမှာပါ။ ဘာလို့လဲဆိုတော့ နိုင်ငံတွင်း အားကစားနဲ့ ပတ်သက်ပြီး အပေါင်းလက္ခဆောင်စေတယ်ဆိုတာ သိပါတယ်။ ရင်းနှီးမယ့်သူတွေအနေနဲ့ ဝယ်ယူမယ်ဆိုရင် ဘာကြောင့်မဖြစ်နိုင်ရမှာလဲ”လို့ မင်းသား အပ်ဒူလာက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ အောက်တိုဘာလတုန်းက ဆော်ဒီသူဌေးတွေဟာ နယူးကာဆယ်အသင်းကို ဝယ်ယူခဲ့သေးတာဖြစ်ပါတယ်။

#လီဗာပူး #မန်ချက်စတာယူနိုက်တက် #ပရီးမီးယားလိဂ်