ရှေ့သို့
Image

နောက်ကျောဒဏ်ရာကြောင့် ၂ လ လောက်နားရတော့မယ့် အဲဗာတန် ကွင်းလယ်ကစားသမား ဂျိမ်းစ်ဂါနာ

11:36 AM, 25 November

ကွင်းလယ်ကစားမား ဂျိမ်းစ်ဂါနာဟာ နောက်ကျောဒဏ်ရာကြောင့် ၂ လ လောက် နားရတော့မှာဖြစ်ကာ အဲဗာတန်အတွက်ကတော့ ဒဏ်ရာပြသနာဆိုးရွားမှုက လွယ်ကူမှာ မဟုတ်ပါဘူး။

အသက်၂၁ နှစ်အရွယ် ကစားသမားဟာ နွေရာသီကမှ ယူနိုက်တက်ကနေ ပေါင် ၉ သန်းဖြင့် ရောက်လာသူဖြစ်ပြီး ၇ပွဲ ကစားထားရမှုတွင် ကာရာဘောင်ဖလား ပွဲအဖြစ် ဘုန်းမောက်အား ရှုံးနိမ့်ခဲ့တဲ့ ပွဲမှာသာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။ ကလပ်ရဲ့ ဩစတြေးလျသို့ ခရီးထွက်မှုတွင် ဂါနာဟာ အင်္ဂလန်မှာသာ ကျန်နေခဲ့ရတာဖြစ်ပြီး ကွင်းလယ်ကစားသမားဟာ အချိန်အတန်ကြာအထိ ပါဝင်နိုင်သေးမှာမဟုတ်ပါဘူးလို့ နည်းပြ လမ်းပတ်က ပြောထားပါတယ်။

"သူဟာ ဇန်နဝါရီလကုန် ဒါမှမဟုတ် ဖေဖော်ဝါရီလ အစောပိုင်းလောက်အထိ နားရနိုင်ပါတယ်။ ဒါကတော့ စိတ်ပျက်ဖွယ်ရာ ဒဏ်ရာရရှိမှုပါပဲ" လို့ လမ်းပတ်က evertontv သို့ ပြောပါတယ်။

လေ့ကျင့်ရေးမှာ ဒူးဒဏ်ရာရရှိခဲ့တဲ့ နောက်ထပ် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်တဲ့ တွမ်ဒေးဗစ်ကလည်း ဩစတြေးလျကနေ စောစီးစွာပြန်လာခဲ့ကာ ခံစစ်မှုးဖြစ်တဲ့ မီနာကလည်း ဆဲလ်တစ်နဲ့ပွဲမှာ တံကောက်ကြောဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ပြန်စမယ့် ဘောက်ဆင်ဒေးမှာ အဆိုပါ ၂ ဦးစလုံး ကြံ့ခိုင်မှုပြန်လည်ပြည့်ဝလာဖို့ လမ်းပတ်က မျှော်လင့်နေပါတယ်။

"တွမ်ကတော့ ၃ ပတ်လောက်နားရမှာဖြစ်ကာ ရလဒ်ကောင်းနေသော်လည်း ကျွန်တော်တို့က စိုးရိမ်နေပါသေးတယ်။ မီနာကလည်း အလားတူပါပဲ ၃ ပတ် ၄ ပတ်လောက်နားရမှာပါ" လို့ လမ်းပတ်က ပြောပါတယ်။
ရာသီအစ ၂ လလောက် နားခဲ့ရတဲ့ တိုက်စစ်မှုး ကလာဗက်လီဝန်က ဒူးဒဏ်ရာ ခံစားနေရတာကြောင့် ကမ္ဘာ့ဖလားမတိုင်ခင် အဲဗာတန်ရဲ့နောက်ဆုံးပွဲကို လွဲချော်ခဲ့တာဖြစ်ပါတယ်။ တောင်ပံကစားသမား တောင်ဆန်ကလည်း ပြီးခဲ့တဲ့ရာသီက အရွတ်ကို ခွဲစိတ်ကုသမှုခံယူခဲ့ရတာကြောင့် ကာလရှည်နားနေရတာဖြစ်ပါတယ်။

#အဲဗာတန် #ပရီးမီးယားလိဂ် #ဂျိမ်းစ်ဂါနာ