ရှေ့သို့
Image

အနာဂတ်မှာ စပိန်မြေကို ပြောင်းဖို့ အလိုရှိနေတဲ့ လီဗာပူးစတား

11:10 AM, 25 November

လီဗာပူးစတား ဒီယက်ဇ်က တနေ့နေ့မှာ စပိန်ကလပ်အသင်းမှာ ကစားချင်တယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။

လီဗာပူးအသင်းဟာ ဒီရာသီမှာ ရလဒ်တွေဆိုးဝါးနေပြီး ကမ္ဘာ့ဖလားမတိုင်ခင် အဆင့် ၆ နေရာမှာ ရပ်တည်နေကာ ချန်ပီယံလိဂ်နေရာနဲ့ ၇ မှတ်အထိ ကွာဟနေပါတယ်။ ဒါ့အပြင် ကလော့ပ်ရဲ့အသင်းမှာ ဒဏ်ရာပြဿနာတွေများနေပြီး ဒီယက်ဇ်ကလည်း ကာလရှည်နားနေရတာဖြစ်ပါတယ်။

အသက် ၂၅ နှစ်သားဟာ ဇန်နဝါရီတုန်းက ပေါ်တိုအသင်းထံကနေ လီဗာပူးကို ရောက်လာခဲ့တာဖြစ်ပြီး အကောင်းဆုံး ခြေစွမ်းပြနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီယက်ဇ်ရဲ့ ဝန်ခံပြောကြားမှုကြောင့် လီဗာပူးအသင်း ပရိသတ်တွေက စိုးရိမ်နေပါတယ်။

Soho မဂ္ဂဇင်းနဲ့အင်တာဗျူးမှာ “ကျွန်တော် စပိန်အသင်းတစ်သင်းအတွက် ကစားချ်ပါတယ်။ အဲ့တာက ကျွန်တော့် မိသားစုအာရုံကို ဆွဲဆောင်စေပါတယ်။ ဒါပေမယ့် ကလေးတစ်ယောက်အိပ်မက်ထက်တော့ ပိုပါတယ်။ ကျွန်တော် မက်ဆီလိုကစားသမားမျိုးနဲ့ ဆုံတွေ့ချင်ပါတယ်။ သူ့ကိုကျွန်တော်သိပြီးသားပါ”လို့ ဒီယက်ဇ်က ပြောကြားခဲ့ပါတယ်။

စပိန်ကလပ်အသင်း တစ်သင်းလို့ပြောကြားခဲ့ပေမယ့် ဘာစီလိုနာလား ၊ ရီးရဲလ်လားဆိုတာကိုတော့ ဒီယက်ဇ်က မပြောကြားခဲ့တာဖြစ်ပါတယ်။ ကိုလံဘီယာသားဟာ လီဗာပူးအသင်းနဲ့အတူ အောင်မြင်မှုတွေအရင်ရယူချင်နေပြီး ၁၁ လအတွင်း လိဂ်ဖလား နဲ့ အက်ဖ်အေဖလား ရယူနိုင်ခဲ့ပါတယ်။

“အခုတော့ ကျွန်တော် လီဗာပူးအသင်းနဲ့ ဆုဖလားတွေကိုင်မြှောက်ပြီး သမိုင်းတခုရေးထိုးချင်ပါတယ်”လို့ ကိုလံဘီယာသားကပြောကြားခဲ့ပါတယ်။

#လီဗာပူး #ဒီယက်ဇ် #ပရီးမီးယားလိဂ်