ရှေ့သို့
Image

စာချုပ်သစ် အနေအထားနဲ့ ပတ်သက်ပြီး အရိပ်အမြွက်ပြောကြားလိုက်တဲ့ ဂွါဒီယိုလာ

10:52 AM, 25 November

မန်စီးတီးနည်းပြ ဂွါဒီယိုလာတစ်ယောက် အသင်းမှာ ၂၀၂၅ အထိ ဆက်ရှိနေတော့မှာဖြစ်ပြီး မကြာသေးခင်က ၂ နှစ် စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ကတ္တလန်သားနည်းပြက ရာသီအကုန်မှာ ဆက်နေမလား ဒါမှမဟုတ် ထွက်ခွာမလားဆိုတာ မသေချာခဲ့သေးတာဖြစ်ပါတယ်။

မန်စီးတီး လက်ထောက်နည်းပြဟောင်း အာတီတာက ဂွါဒီယိုလာနေရာအတွက် အစားထိုးမယ့်သူအဖြစ် သတ်မှတ်ခံထားရပါတယ်။ ဒါပေမယ့် အခြားတဖက်မှာ ဘာစီလိုနာက အာတီတာကို ပစ်မှတ်ထားနေပြီး ဇာဗီနေရာမှာ အစားထိုးချင်နေပါတယ်။

ဇာဗီရဲ့ဘာစီလိုနာအသင်းအနာဂတ်က မသေချာသေးပဲ ရလဒ်တွေဆိုးဝါးခဲ့မယ်ဆိုရင် အာတီတာနဲ့အစားထိုးဖို့ ဘာစီလိုနာတာဝန်ရှိသူတွေက ပြင်ဆင်နေပါတယ်။

ဂျိုဟန်ခရိုက်ဖ်ပြီးကတည်းက ဘာစီလိုနာရဲ့သက်တော်ရှည်နည်းပြအဖြစ် ဖရန့်တစ်ဦးတည်းသာ ကျန်တော့တာဖြစ်ပါတယ်။ တကယ်လို့ ဇာဗီအနေနဲ့ ၂၀၂၅ အထိ မလုပ်နိုင်ခဲ့ရင်တော့ အဆိုပါစံချိန်ကို မီနိုင်ဖွယ်မရှိတာဖြစ်ပါတယ်။

#မန်စီးတီး #ဇာဗီ #အာတီတာ #ဂွါဒီယိုလာ #ပရီးမီးယားလိဂ်