ရှေ့သို့
Image

ကင်မရွန်းကို ဂိုးသွင်းပြီးနောက် အောင်ပွဲခံဖို့ ငြင်းဆန်ခဲ့တဲ့ ဆွစ်ဇာလန် တိုက်စစ်မှူး အမ်ဘိုလို

10:45 AM, 25 November

ဆွစ်ဇာလန် တိုက်စစ်မှူး အမ်ဘိုလိုတစ်ယောက် မိခင်နိုင်ငံကင်မရွန်းကို ဂိုးသွင်းနိုင်ခဲ့ပြီးနောက် အောင်ပွဲခံဖို့ ငြင်းဆန်ခဲ့ပါတယ်။ မိုနာကိုတိုက်စစ်မှူးဟာ ကြာသပတေးနေ့တုန်း ဆွစ်ဇာလန်အသင်း အတွက် အနိုင်ဂိုးကို ဒုတိယပိုင်းစပြီး ၃ မိနစ် အကြာမှာ သွင်းယူပေးနိုင်ခဲ့ပေမယ့် လက် ၂ ဖက်ကို မြှောက်ပြီး တောင်းပန်တဲ့ပုံစံပြသကာ အောင်ပွဲမခံခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်သားဟာ ကင်မရွန်းနိုင်ငံ ယွန်ဒီမြို့မှာ မွေးဖွားခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ရာကနေ ဆွစ်ဇာလန်နိုင်ငံကို ကိုယ်စားပြုခဲ့တာဖြစ်ပါတယ်။ အမ်ဘိုလိုရဲ့မိသားစုက ဘေလ်ဆယ်အခြေစိုက်ဖြစ်ပြီး အမ်ဘိုလိုက လူငယ် ကစားသမားဘဝကိုဖြတ်သန်းခဲ့ကာ ၂၀၁၄ တုန်းက ဆွစ်ဇာလန်နိုင်ငံသားဖြစ်လာခဲ့ပါတယ်။

ယူ - ၁၆ သင်းမှာ ကစားခဲ့ပြီးနောက် သူဟာ ဒီဇင်ဘာလတုန်းက ဆွစ်ဇာလန်အသင်းမှာ ကစားခဲ့ကာ ၅၉ ပွဲအထိ ပါဝင်ကစားခဲ့ပါတယ်။ ပရိသတ်တွေကတော့ အမ်ဘိုလိုရဲ့လုပ်ရပ်ကို လေးစားကြောင်း ချီးကျူးခဲ့ကြပါတယ်။ “အမ်ဘိုလိုက ကင်မရွန်းနိုင်ငံသားလား။ တကယ့်လေးစားဖို့ကောင်းတဲ့ အောင်ပွဲခံမှုပါ”လို့ ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ “တကယ့်ကို လေးစားဖို့ကောင်းတဲ့ ကစားသမားပါ”လို့ နောက်ထပ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။ “အမ်ဘိုလိုက ဆွစ်ဇာလန်အတွက်ဂိုးသွင်းခဲ့ပေမယ့် အောင်ပွဲမခံခဲ့ပါဘူး။ သူ့မွေးရပ်ကင်မရွန်းဖြစ်နေလို့ပါ”လို့ နောက်ထပ်ပရိသတ်တစ်ဦးက ရေးသားခဲ့ပါတယ်။

အမ်ဘိုလိုဟာ ဒီရာသီမိုနာကို အသင်းအတွက် ၂၃ ပွဲမှာ ၈ ဂိုး သွင်းယူထားနိုင်ခဲ့ပြီး ဘေဆယ်မှာ လူငယ်ဘဝကို စတင်ခဲ့တာဖြစ်ပါတယ်။ ဘေဆယ်အသင်းအတွက် ၉၁ ပွဲမှာ ၃၁ ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီးနောက် ၂၀၁၆ တုန်းက ရှော်လ်ကေးကို ပြောင်းရွှေ့ခဲ့ပြီး ၃ နှစ်ကြာ ဖြတ်သန်းခဲ့ပါတယ်။

အဲ့နောက် နွေရာသီတုန်းက မိုချန်ဂလာဘတ်ကနေ ထွက်ခွာပြီး မိုနာကို အသင်းထံပြောင်းရွှေ့ခဲ့ပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #ဆွစ်ဇာလန် #ကင်မရွန်း #အမ်ဘိုလို