ရှေ့သို့
Image

ယူနိုက်တက် အသင်းကို ဝယ်ယူဖို့ ပြင်ဆင်နေတဲ့ Apple

10:42 AM, 25 November

တကယ်လို့ Apple ကသာ ယူနိုက်တက် အသင်းကို ဝယ်ယူခဲ့မယ်ဆိုရင် မန်ချက်စတာကလပ်က ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်းဖြစ်လာဖွယ်ရှိနေပါတယ်။ ပရိသတ်တွေရဲ့ဆန္ဒပြမှုကြောင့် ဂလေဇာမိသားစုဟာ ၁၇ နှစ်ကြာ တာဝန်ယူခဲ့ပြီးနောက် လက်ရှိ အချိန်မှာ ရောင်းချတော့မှာဖြစ်ပါတယ်။

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်မှာ ကြီးမားတဲ့ငွေကြေးတွေအသုံးပြုခဲ့ပေမယ့် သူတို့ကွင်းအနေအထား ၊ လေ့ကျင့်ရေးပစ္စည်းတွေ ၊ အဆောက်အအုံတွေဟာ ဥရောပ အသင်းကြီးတွေရဲ့နောက်မှာသာ ကျန်ရစ်နေခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ရော်နယ်ဒိုကိုယ်တိုင်ကလည်း အသင်းရဲ့တိုးတက်မှုအနေအထားဟာ နောက်ကျနေခဲ့တယ်လို့ အခိုင်အမာဆိုထားပါတယ်။

ဂလေဇာမိသားစုကို ပရိသတ်ဆန္ဒပြတာက အဆိုပါအချက်တခုတည်းတင်မဟုတ်ပဲ အသင်းက အကြွေးတွေ မီလျံနဲ့ချီတင်နေခဲ့တာာကြောင့်လည်း ဖြစ်ပါတယ်။ Daily Star ရဲ့အဆိုအရ Apple ဟာ ယူနိုက်တက်ကို ဂလေဇာမိသားစုလက်ထဲကနေ ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။ တကယ်လို့ ဝယ်ယူဖြစ်ခဲ့ရင်တော့ ယူနိုက်တက်ဟာ မန်စီးတီးနဲ့ ပီအက်စ်ဂျီတို့ကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချမ်းသာဆုံး ကလပ်အသင်း ဖြစ်လာမှာဖြစ်ပါတယ်။

Apple စီအီးအို တင်မ်ကွက်ခ်ကလည်း အခွင့်အရေးပေးလာရင် ယူနိုက်တက်ကို ဝယ်ယူနိုင်ချေရှိနေပါတယ်။ အဆိုပါဝယ်ယူမှုကြောင့် ယူနိုက်တက်ကွင်းအသစ်ဖြစ်အောင် လုပ်ဆောင်နိုင်တဲ့အပြင် အခြားလိုအပ်တာတွေပါ ထောက်ပံ့လာနိုင်ဖွယ်ရှိနေပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဂလေဇာ #ပရီးမီးယားလိဂ်