ရှေ့သို့
Image

တစ်ရာသီသာတာဝန်ယူပြီးနောက် အသင်းကနေထွက်ခွာတော့မယ် အားကစားဒါရိုက်တာကြောင့် အကျပ်တွေ့နေတဲ့ ကလော့ပ်

9:03 PM, 24 November

ရာသီကုန်မှာတော့ ဂျူလီယံဝပ်ဒ်ဟာ လီဗာပူးအသင်းရဲ့ အားကစားဒါရိုက်တာအဖြစ်မှာ နှုတ်ထွက်တော့မှာဖြစ်ပါတယ်။

တစ်ရာသီကြာ တာဝန်ယူပြီးနောက် ဝပ်ဒ်ရဲ့ ထွက်ခွာမယ့်သတင်းဟာ လီဗာပူးအတွက် ထိုးနှက်ချက်တစ်ခုဖြစ်ပါတယ်။ ဝပ်ဒ်ဟာ ဘောလုံးလောက,ကနေ ခဏလောက်နားမယ်လို့ သိရပါတယ်။ အရင်က သူဟာ အသင်းရဲ့ အားကစားဒါရိုက်တာဟောင်းဖြစ်သူ မစ်ချယ်အက်ဒ်ဝပ်ရဲ့ လက်အောက်မှာ အလုပ်လုပ်သူဖြစ်ပါတယ်။

လီဗာပူးနည်းပြကတော့ ထိုသတင်းအတွက် စိတ်ပျက်သွားမှာဖြစ်သော်လည်း ဝပ်ဒ်အသင်းပြောင်းသွားမှာကိုလည်း စိုးရိမ်နေမှာတော့ မဟုတ်ပါဘူး။ ကလပ်ရဲ့ ပိုင်ရှင်တွေဖြစ်တဲ့ FSG ဟာ လီဗာပူးကို ရောင်းချလိုနေတာဖြစ်တယ်လို့ ဒီလအစောပိုင်းမှာ သတင်းထွက်ပေါ်ခဲ့ပြီးနောက် ကလပ်ရဲ့ နောက်ဆုံးရသတင်းတွေလည်းဖြစ်ပါတယ်။

ဝပ်ဒ်ဟာ ၂၀၁၂ခုနှစ် မန်စီးတီးကနေ ပြောင်းလာကတည်းက အသင်းမှာရှိနေခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလ အသင်းရဲ့အားကစားဒါရိုက်တာရာထူးကို ပြောင်းလဲယူတော့မယ်လို့ သတင်းထွက်ခဲ့ပြီးနောက် သူဟာ အက်ဒ်ဝပ်နှင့် အနီးကပ်အလုပ်လုပ်ခဲ့တာဖြစ်ပါတယ်။

အက်ဒ်ဝပ်ဟာ နွေရာသီမှာ အသင်းကနေထွက်ခွာခဲ့ပြီးနောက် ကမ်းလှမ်းမှုအများကြီး ပယ်ချထားခဲ့သူဖြစ်ပါတယ်။ ဒါကြောင့် လီဗာပူးအသင်းဟာ ထိုနေရာကို အစားထိုးဖို့ ရှာဖွေရတော့မှာဖြစ်ပါတယ်။

ယခုလ မိုက်ခ်ဂျော်ဒန်ထွက်သွားပြီးနောက် ပိုပြီးတာဝန်ကြီးလာတဲ့ စီအီးအို ဘီလီဟိုဂန်ကတော့ ထိုနေရာကို အစားထို့ဖို့ အစီစဉ်ချရမှာဖြစ်ပြီး ကလပ်ကို ဘယ်လိုစီမံမလဲဆိုတာကို ပြန်လည်သုံးသပ်ရမှာဖြစ်ပါတယ်။

အဲ့ဒီထဲမှာ ကလော့ပ်လည်း ပါဝင်ပတ်သက်ရမှာပါ။ ကလော့ပ်ဟာ ပြီးခဲ့တဲ့ရာသီမှာ ကလပ်နှင့် ၂၀၂၆ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုခဲ့တာပါ။ လွန်ခဲ့တဲ့ ဆယ်စုနှစ် လီဗာပူးသို့ရောက်လာတုန်းက ဝပ်ရဲ့ ရာထူးက ပေါ်တူဂီနှင့် စပိန်တို့အတွက် ဥရောပကင်းထောက်မန်နေဂျာသာ ဖြစ်ပါတယ်။

သူဟာ လီဗာပူးအသင်းရဲ့ ပြီးခဲ့တဲ့အဓိကခေါ်ယူမှုနှစ်ခုဖြစ်တဲ့ လူးဝစ်ဒီးယက်ဇ်နှင့် ဒါဝင်နူနက်ဇ်တို့ရဲ့အပြောင်းအရွေ့မှာ ပေါ်တူဂီကလပ်တွေဖြစ်တဲ့ ပေါ်တို၊ ဘင်ဖီကာတို့နှင့် ညှိနှိုင်းမှုကို ဦးဆောင်ခဲ့သူဖြစ်ပါတယ်။

ကလော့ပ်ဟာ နွေရာသီမှာ နူနက်ဇ်ကိုခေါ်ယူချင်ခဲ့ပြီး အဆိုပါ အပြောင်းအရွေ့က ပေါင် ၈၅ သန်း အထိ ရောက်သွားဖို့ရှိနေပါတယ်။ ဝပ်ကတော့ ရာသီကုန်အထိ သူ့ရဲ့ရာထူးမှာ ဆက်ရှိနေမှာဖြစ်ပြီး လက်ရှိအပြောင်းအရွေ့ကိုလည်း လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဘယ်လင်ဂမ်ကိုခေါ်ယူရေးမှာ လည်း လီဗာပူးဟာ မန်စီးတီး၊ ရီးရဲလ်မက်ဒရစ်တို့နှင့် ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။


#လီဗာပူး #ကလော့ပ် #ပရီးမီးယားလိဂ်