ရှေ့သို့
Image

ရော်နယ်ဒိုကို ခေါ်ယူဖို့ ဆန္ဒမရှိကြောင်း အတိအလင်း ပြောလိုက်တဲ့ ဘန်လေနည်းပြ ကွန်ပနီ

2:13 PM, 24 November

ချန်ပီယံရှစ်ကလပ် ဘန်လေအသင်းရဲ့နည်းပြ ဗင်းဆင့်ကွန်ပနီက မန်ချက်စတာ ယူနိုက်တက်အသင်းကနေ ထွက်ခွာခဲ့ပြီဖြစ်တဲ့ ပေါ်တူဂီဝါရင့်တိုက်စစ်မှုး ရော်နယ်ဒိုကို ခေါ်ယူသွားမှာ မဟုတ်တဲ့အကြောင်း စနောက်ပြောဆိုလိုက်တာပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ် အစောပိုင်းမှာ The Sun သတင်းဌာနရဲ့ သတင်းထောက် ပီးယားစ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်အတွင်း ယူနိုက်တက် အသင်းပိုင်ရှင်နဲ့ ဘုတ်အဖွဲ့တာဝန်ရှိသူအပါအဝင်နည်းပြ တန်ဟတ်ကိုပါ ထည့်သွင်းဝေဖန်ပြောဆိုခဲ့တာကြောင့် ယူနိုက်တက်ကစားသမားတွေနဲ့ ပရိသတ်တွေအပါအဝင် ကမ္ဘာ့ဘောလုံးအသိုင်းအဝန်းတစ်ခုလုံး အံ့အားသင့်ခဲ့ရတာလည်း ဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်အသင်းနဲ့အတူ ကမ္ဘာ့ဖလားအုပ်စု (H) ရဲ့ အဖွင့်ပွဲစဉ်အဖြစ် ဂါနာအသင်းနဲ့ ကစားရဖို့ရှိနေတဲ့ ရော်နယ်ဒိုက အသက် ၃၇နှစ်အရွယ် ရော်နယ်ဒိုရဲ့ အသက်အရွယ်ကြောင့် ကြံ့ခိုင်မှုအားနည်းတာကြောင့် ပြေးလွှားကစားနိုင်ခြင်း မရှိတဲ့အပေါ် ယူနိုက်တက်အသင်းရဲ့ မြို့ခံပြိုင်ဘက်မန်စီးတီး အသင်း ဂန္ဓဝင်ဗဟိုနောက်တန်း ကစားသမားလည်းဖြစ်တဲ့ ကွန်ပနီက စနောက်ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

ရော်နယ်ဒိုကို ခေါ်ယူဖို့ စိတ်ကူးရှိလားဆိုတဲ့ ဘီဘီစီ သတင်းဌာနရဲ့ မေးမြန်းမှုကို ကွန်ပနီက“ကျွန်တော့အသင်း အတွက်သာဆိုရင်တော့ ပြေးလွှားကစားပေးနိုင်တဲ့ ကစားသမား မျိုးကိုသာ အလိုရှိပါတယ်”လို့စနောက် ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘန်လေ #ပေါ်တူဂီ #ကွန်ပနီ #ပရီးမီးယားလိဂ်