ရှေ့သို့
Image

ယူနိုက်တက်နှင့် သတင်းတွေ ထွက်နေသလို ဘာစီလိုနာနဲ့လည်း အနာဂတ်အတွက် ဆွေးနွေးမယ့် ဒီပေး

11:15 AM, 24 November

ယူနိုက်တက်သို့ ပြန်သွားမယ်လို့ သတင်းတွေ ထွက်နေသလို ဘာစီလိုနာနဲ့လည်း သူ့ရဲ့အနာဂတ်က မသေချာပါဘူးလို့ ဒီပေးက ဝန်ခံပြောကြားလိုက်ပါတယ်။

ဒီပေးမှာ ၂၀၂၁ခုနှစ်နွေရာသီမှာ ဘာစီလိုနာသို့ အလွတ်ပြောင်းရွေ့ကြေးဖြင့် ရောက်လာသူဖြစ်ပြီး လိုင်ယွန်မှာ ခြေစွမ်းပြသခဲ့သော်လည်း နူးကမ့်မှာတော့ ရုန်းကန်နေရာကာ ၃၈ ပွဲကစားအပြီးမှာတော့ ၁၃ ဂိုးသာ သွင်းယူထားနိုင်ပါတယ်။ ယခု နွေရာသီအပြောင်းအရွေ့တွင် လီဝန်ဒေါ့စကီးနှင့် ရာဖင်ဟာတို့ ရောက်ရှိလာပြီးနောက်မှာတော့ သူ့ရဲ့ ပွဲထွက်ခွင့်က ပျောက်ဆုံးခဲ့ရတာဖြစ်ပါတယ်။

နယ်သာလန်သားဟာ နွေရာသီအပြောင်းအရွေ့မှာ ထွက်ခွာဖွယ်ရှိခဲ့ပြီး အထူးဖြင့် ဂျူဗင်တပ်စ်၊ ယူနိုက်တက်တို့နှင့် အဆက်အသွယ်ရှိခဲ့သော်လည်း အသင်းမှာသာ ဆက်နေခဲ့တာဖြစ်ပါတယ်။ ယခုရာသီကုန်မှာ အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမှာဖြစ်ပြီး ဇန်နဝါရီမှာ နူးကမ့်ကနေထွက်ခွာဖို့ရှိနေကာ ရုတ်တရက်ရော်နယ်ဒို ထွက်ခွာသွားတဲ့ ယူနိုက်တက်အနေနဲ့လည်း တိုက်စစ်မှုးဖြည့်တင်းရမှာဖြစ်တာကြောင့် ဒီပေးနှင့် ပြန်လည်ပေါင်းထုတ်ဖို့ဖြစ်နိုင်နေပါတယ်။ ဘာစီလိုနာမှာ ဆက်ရှိနေဖို့ဆိုတာက မသေချာနေတာဖြစ်ပြီး ကမ္ဘာ့ဖလားမပြီးခင်အထိတော့ သူ့ရဲ့အနာဂတ်အကြောင်းကို မစဉ်းစားသေးတာပါ။

"ကျွန်တော်က အတိတ်အကြောင်းကို မစဉ်းစားချင်သေးပါဘူး၊ အခုတော့ ကမ္ဘာ့ဖလားကိုပဲ အာရုံစိုက်ထားပါတယ်။ ဒီပြိုင်ပွဲပြီးသွားရင်တောင် စဉ်းစားချင်မှ စဉ်းစားအုံးမှာပါ။ ကမ္ဘာ့ဖလားအပြီးမှာ ဘာဖြစ်မလဲမသိသေးပါဘူး" လို့ ဒီပေးက ပြောပါတယ်။

ဒီပေးဟာ ၂ လလောက် ဒဏ်ရာကြောင့် နားနေခဲ့ရတာဖြစ်ပြီး နယ်သာလန်အသင်းရဲ့ ဆီနီဂေါအား ၂-၀ ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ အဖွင့်ပွဲစဉ်မှာ ပါဝင်ကစားဖို့ ကြံ့ခိုင်မှု မပြည့်ဝခဲ့တာဖြစ်ပါတယ်။ အခုတော့ အပြည့်အဝပြန်လည်သက်သာလာပြီး နိုင်ငံ့အသင်းကို ကူညီချင်နေပါပြီလို့ ပြောထားပါတယ်။

"ပြန်ကစားရတော့မှာဖြစ်တာကြောင့် ကျွန်တော်အရမ်း ပျော်မိပါတယ်။ ဒီလိုကစားနိုင်ဖို့ အချိန်တွေ အများကြီးလိုအပ်ခဲ့တာပါ။ စိတ်ဓာတ်ပိုင်းမှာလည်း မလွယ်ကူခဲ့သလို ဒီကိုလာဖို့အတွက်လည်း အများကြီးကြိုးစားခဲ့ရပြီး ကျွန်တော်က နာရီဝက်လောက်သာ ကစားခဲ့ရတာပါ။ ဒီလို ပြန်ကစားရမှာဖြစ်ကြောင့် မယုံကြည်နိုင်လောက်အောင်ဖြစ်မိပါတယ်" "အာဖရိကချန်ပီယံကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့တဲ့ပွဲမှာ ကောင်းကောင်းမကစားခဲ့ရဘူးဆိုရင် ပျော်ရွင်နိုင်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့က တိုးတက်လာရမှာဖြစ်ပါတယ်။ အခုတော့ ကျွန်တော်တို့တွေ ပျော်ရွင်နေပါတယ်၊ ဒါပေမဲ့ မနက်ဖြန်ကစပြီး အီကွေဒေါနဲ့ ပွဲအကြောင်းကို တွေးတောရမှာပါ။ ဒဏ်ရာရရှိတာက ခက်ခဲပါတယ်။ ကျွန်တော်က ပြန်လည် ကောင်းမွန်နေပြီဖြစ်တာကြောင့် ကမ္ဘာ့ဖလားမှာ အကောင်းဆုံးကစားသွားမှာပါ" လို့ ဒီပေးက ပြောပါတယ်။

#မန်ချက်စတာယူနိုက်တက် #ဘာစီလိုနာ #ဒီပေး #အပြောင်းအရွှေ့