ရှေ့သို့
Image

ဘက်ရှုဝါရီရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ ကနေဒါကို အနိုင်ကစားပြီး ၃မှတ်ရယူနိုင်ခဲ့တဲ့ ဘယ်လ်ဂျီယံ

8:07 AM, 24 November

ဘယ်လ်ဂျီယံ ၁ - ၀ ကနေဒါ (ပွဲပြီးရလဒ်)

ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲစဉ်ဖြစ်တာနဲ့အညီ နည်းပြ မာတီနက်ဇ်ရဲ့ ဘယ်လ်ဂျီယံအသင်း လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ပေမဲ့ ကနေဒါအသင်းဘက်ကို ကောင်းကောင်းခြိမ်းခြောက်နိုင်တာမျိုး သိပ်မတွေ့ခဲ့ဘဲ ပွဲကစားချိန် ၉မိနစ်မှာ ခွင့်ပြုပေးခဲ့ရတဲ့ ပင်နယ်တီကို ဂိုးသမားကော်တိုရစ်ပုတ်ထုတ်လိုက်နိုင်လို့သာ ကနေဒါအသင်းကို ဦးဆောင်ခွင့်မပေးခဲ့ရတာပါ။

ပွဲကစားချိန် ၄၄မိနစ်အရောက်မှာတော့ တိုက်စစ်မှာ ပွဲထွက်ပါဝင်လာတဲ့ ဘက်ရှုဝါရီက ပြိုင်ဘက်နောက်တန်းကိုအလစ်အငိုက်ဖမ်းကာ ဂိုးသွင်းယူနိုင်ခဲ့တာကြောင့် ပထမပိုင်းကို ၁ဂိုးအသာနဲ့ဦးဆောင်ထားနိုင်ခဲ့ပါတယ်။

ဒုတိယပိုင်းအရောက်မှာတော့ ဘယ်လ်ဂျီယံအသင်းကစားအားချသွားခဲ့သလို ကနေဒါသင်းရဲ့ ကစားပုံကလည်း အချိတ်အဆက်မိလာတာကြောင့် ကနေဒါသင်းက ပြန်လည် ဖိအားပေးကစားနိုင်ခဲ့ပေမဲ့ သွင်းဂိုးမရရှိခဲ့တာကြောင့် ဘယ်လ်ဂျီယံအသင်း အုပ်စုအဖွင့်ပွဲစဉ်မှာ အနိုင်၃မှတ်ပြည့် ရယူနိုင်ခဲ့ပါတယ်။

#၂၀၂၂ကမ္ဘာ့ဖလား #ဘယ်လ်ဂျီယံ #ကနေဒါ