ရှေ့သို့
Image

ဂိုးပေါက်တစ်ကြိမ်တောင် မခြိမ်းခြောက်နိုင်တဲ့ ကော်စတာရီကာကို ဂိုးဗုံးကြဲခဲ့တဲ့ စပိန် (ပွဲပြီးရလဒ်)

12:39 AM, 24 November

စပိန် ၇ - ၀ ကော်စတာရီကာ 

အိုလ်မို (၁၁ မိနစ်)

အဆန်စီယို (၂၁ မိနစ်)

ဖာရန်တောရက်စ် (၃၁ မိနစ် P၊ ၅၄ မိနစ်)

ဂါဗီ (၇၄ မိနစ်) 

ကားလို့စ်ဆိုလာ (၉၀ မိနစ်) 

မိုရာတာ (၉၀+၂ မိနစ်)


- ၂၀၂၂ ကာတာကမ္ဘာ့ဖလားရဲ့ ဂိုးအပြတ်ဆုံးပွဲလို့တောင် ပြောလို့ရပါတယ်၊ ကော်စတာရီကာက စပိန်အတွက်တော့ ပြိုင်ဘက်မဟုတ်ပါဘူး။ ဒီခြေအတိုင်းသာဆိုရင် စပိန်က ချန်ပီယံပြေးလမ်းပေါ်မှာ ရှိနေတဲ့ အသင်းပါပဲ။ လူငယ်ကစားသမားအများစုနဲ့ ဝါရင့်ကစားသမားတစ်ချို့ ပေါင်းစပ်ထားတဲ့ လူစာရင်းအသစ်ကြောင့် သိပ်အများကြီး မမျှော်လင့်မိခဲ့ပေမယ့် ဒီခြေအရဆိုရင်တော့ စပိန်ရဲ့ကစားပုံက တော်တော်လေးကို ကောင်းလွန်းနေပါတယ်။ စပိန်အသင်းအတွက်တော့ ကမ္ဘာ့ဖလားသမိုင်းမှာ တတိယမြောက် ၅ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ပွဲဖြစ်လာခဲ့ပါတယ်။ 

- ကော်စတာရီကာအတွက်တော့ တကယ့်ကိုစိတ်ပျက်စရာပါပဲ ဂိုးပေါက်ခြိမ်းခြောက်မှု ၁ ကြိမ်တောင် မပြုလုပ်နိုင်ခဲ့ပါဘူး။ လူစာရင်းကွာဟမှုကလည်း ကြီးမားသလို ကစားကွက်ပိုင်းမှာလ တော်တော်လေး ကွားပါတယ်။ စပိန်မှာချီးကျူးရမယ့်သူတွေ အများကြီးထဲကမှ ဂါဗီကတော့ အသက်အရွယ်နဲ့ မလိုက်အောင် အမိုက်စားခြေစွမ်း ထုတ်ပြသွားခဲ့ပါတယ်။ ချီးကျူးစရာတွေ အများကြီးပါပဲ ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ကစားဟန်နဲ့ စပိန်ကတော့ စပိန်ပါပဲ။ 

#စပိန် #၂၀၂၂ကမ္ဘာ့ဖလား ကော်စတာရီကာ